Movie & Music: အရောင်းရဆုံးသီချင်းစာရင်းမှာ ၁၅ ပတ်ဆက်တိုက် ထိပ်ဆုံးက နေရာယူနေတဲ့ ဒရိတ်ခ်

နောက်ထပ် နှစ်ပတ်သာ ဒီအတိုင်းဆက်ဖြစ်နေရင် စံချိန်သစ်တင်သွားမှာပါ။

play

 

ဒရိတ်ခ်ရဲ့ One Dence သီချင်းဟာ အရောင်းရဆုံးသီချင်းစာရင်းမှာ ၁၅ ပတ်ဆက်တိုက် နေရာယူနေတဲ့အတွက် ထိပ်ဆုံးမှာ ကာလအရှည်ကြာဆုံးနေနိုင်တဲ့စံချိန်ကို ချိုးသွားနိုင်ပါတယ်။

၁၉၉၄ ခုနှစ်မှာ Wet Wet Wet က Love Is All Around သီချင်းနဲ့ ၁၅ ပတ်ဆက်တိုက် ထိပ်ဆုံးမှာ ရှိနေဖူးပြီး ဘရိုင်ယန်အဒမ်က I Do It For You သီချင်းနဲ့ ၁၆ ပတ်ကြာ ရပ်တည်နိုင်ပြီး စံချိန်ချိုးထားပါတယ်။

play

 

ဒါကြောင့် ဒရိတ်ခ်သာ နောက်ထပ် နှစ်ပတ်ကြာ ထိပ်ဆုံးမှာ ဆက်လက် ရှိနေမယ်ဆိုရင် ၁၇ ပတ်နဲ့ ဘရိုင်ယန်ကို ကျော်တက်ပြီး စံချိန်သစ်တင်သွားမှာပါ။

One Dance သီချင်းဟာ ဒီတစ်ပတ်အတွင်းမှာ နားထောင်သူ ၄.၃၃ နဲ့ ရေပန်းအစားဆုံးသီချင်းလည်း ဖြစ်နေပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ