Movie & Music: ဘရိုင်ယန်အဒမ်ရဲ့ စံချိန်ချိုးမယ့် ဒရိတ်ခ်ကို ဂျက်စတင်ဘီဘာက တားဆီးခဲ့

ဒရိတ်ခ်ဟာ ရောင်းအားအကောင်းဆုံးသီချင်းနေရာမှာ အကြာဆုံးရပ်တည်ခဲ့တဲ့ ဘရိုင်ယန်အဒမ်ရဲ့စံချိန်ကို မှီဖို့ တစ်ပတ်ပဲ လိုပါတော့တယ်။

play

 

ဒရိတ်ခ်ဟာ One Dance သီချင်းနဲ့ ရောင်းအားအကောင်းဆုံး သီချင်းနေရာမှာ ၁၅ ပတ်တိတိ နေရာယူခဲ့ပြီး စံချိန်သစ်တင်ဖို့ ၂ ပတ်အလိုမှာ ဂျက်စတင်ဘီဘာရဲ့ သီချင်းသစ် Cold Water က နံပါတ် ၁ နေရာကို ယူလိုက် ပါတယ်။

play

 

ဒါပေမဲ့လည်း ဒရိတ်ခ်ရဲ့နာမည်ကို နံပါတ်တစ် ရောင်းအားအကောင်းဆုံးသီချင်းနေရာကနေ ဆွဲချခဲ့တာ ဂျက်စတင်ဘီဘာတစ်ယောက်တည်း မဟုတ်ပါဘူး။

play

 

ဂျိုးနက်စ်ဘလူးရဲ့ Perfect Strangers သီချင်းက နံပါတ် ၂ ၊ ချိန်းစမုတ်ကာစ်ရဲ့ Don't Let Me Down သီချင်းက နံပါတ် ၃ နဲ့ ကော်လမ်စကော့တ်ရဲ့ Dancing On My Own က နံပါတ် ၄ နေရာတို့ကို ရရှိခဲ့ပြီး ဒရိတ်ခ်ရဲ့ One Dance ကတော့ နံပါတ် ၅ နေရာကို ကျသွားခဲ့တာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ