Movie & Music: နောင်နှစ် ဖေဖော်ဝါရီမှာ ထွက်မယ့် မယ်ရီလင်မန်ဆန်ရဲ့ ခွေသစ်

လက်ရှိမှာ မန်ဆန်ဟာ Slipknot တို့နဲ့အတူ လှည့်လည်ဖျော်ဖြေပွဲတွေ ပြုလုပ်နေပါတယ်။

play

 

ရှော့ခ်တွေပေးတဲ့ မယ်ရီလင်မန်ဆန်ကတော့ ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့  The Pale Emperor ရဲ့ အောင်မြင်မှုတွေနဲ့ ရွက်ကုန်လွှင့်နေပေမဲ့ နောက်ထပ်အယ်ဘမ်တစ်ခုအတွက် အစီစဉ်ရှိပြီးသား ဖြစ်ပါတယ်။

play

 

အမေရိကန်နိုင်ငံ Alternative Press ဂီတဆုပေးပွဲမှာ Icon ဆုရခဲ့ပြီးနောက် နောက်နှစ်ထဲထွက်လာမယ့် အဆိုပါ အယ်ဘမ်အကြောင်းကို သူက ပြောကြားခဲ့ပါတယ်။ အယ်ဘမ်နာမည်ကို “Say10" လို့ ပေးထားတယ်လို့ မန်ဆန်က ပြောခဲ့ပြီး သူ့ရဲ့ ဆယ်ခွေမြောက်လည်း ဖြစ်ပါတယ်။  အသေးစိတ် အတိအကျ ထပ်ပြောရမယ်ဆိုရင်တော့ နောက်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထွက်မယ်လို့ ဆိုပါတယ်။

play

 

The Pale Emperor ကတော့ ထွက်ထွက်ချင်း Billboard 200 ဇယားမှာ နံပါတ် ရှစ်နေရာကို ရရှိခဲ့ပြီး ၂၀၁၅ ရဲ့ အကောင်းဆုံး ရော့ခ်အယ်ဘမ်စာရင်းမှာလည်း နံပါတ် ၂ နေရာချိတ်ခဲ့ပါတယ်။ လက်ရှိမှာ မန်ဆန်ဟာ Slipknot တို့နဲ့အတူ လှည့်လည်ဖျော်ဖြေပွဲတွေ ပြုလုပ်နေပါတယ်။

Photos & Source: Loudwire

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ