Movie & Music: သြဂုတ်လမှာ စောင့်ကြည့်ရမယ့် ရုပ်ရှင် (၁၀) ကား

သြဂုတ်လမှာ စောင့်ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားကောင်း (၁၀) ကား ဖြစ်ပါတယ်။

ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် သြဂုတ်လမှာ စောင့်ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားကောင်း (၁၀) ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကို သြဂုတ်လအတွင်း ကမ္ဘာတစ်ဝန်းမှာ စတင်ပြသွားမှာပါ။

Suicide Squad

  play


DC ကာတွန်းဇာတ်ကောင် စူပါဟီးရိုးတွေကို ဆန့်ကျင်တဲ့ ဇာတ်ကောင်တွေနဲ့ စုစည်းပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားတစ်ကားပါ။ နာမည်ကြီးမင်းသား ဝီလ်စမစ်ကို Deadshot အဖြစ် မြင်တွေ့ရမှာ ဖြစ်သလို ဂျရက်ဒ်လက်တိုကိုလည်း The Joker အဖြစ် ကြည့်ရှုရမှာပါ။ မင်းသမီး မာဂေါ့ရော့ဘီက Harley Quinn ဇာတ်ကောင်အဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို သြဂုတ်လ ၃ ရက်မှာ စတင်ဖြန့်ချိမှာပါ။

Southside with You

play


အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ချယ်အိုဘားမားတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားကောင်း ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ရဲ့ ညနေခင်းတစ်ခုမှာ အမေရိကန်သမ္မတ အိုဘားမားတို့စုံတွဲ စတင်ဆုံတွေ့ခဲ့ကြတဲ့ အခိုက်အတန့်ကို ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။ အမေရိကန်မှာ သြဂုတ်လ ၂၆ ရက်နဲ့ ပြင်သစ်မှာ သြဂုတ်လ ၃၁ ရက် ရုံတင်မှာ ဖြစ်ပါတယ်။

Julieta

play


စပိန်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Runaway ဝတ္ထုတိုစာအုပ်မှ ဇာတ်လမ်းသုံးပုဒ်ကို အခြေခံ ရိုက်ကူးထားတာလို့ ဆိုပါတယ်။ ကာလရှည်ကြာ ကွဲကွာနေတဲ့ သားအမိနှစ်ဦးရဲ့ ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဂျာမနီနဲ့ ရုရှားမှာ သြဂုတ်လ ၄ ရက်နဲ့ ဖင်လန်မှာ သြဂုတ်လ ၁၂ ရက် ရုံတင်ပြသမှာပါ။

Anthropoid

play


၁၉၄၁ ခုနှစ် အချိန်ကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ချက်လူမျိုး စစ်သားနှစ်ဦးက နိုင်ငံကို သိမ်းပိုက်ထားတဲ့ နာဇီအရာရှိကို လေထီးဖြင့်ခုန်ဆင်းကာ လုပ်ကြံသတ်ဖြတ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အမေရိကန်မှာ သြဂုတ်လ ၁၂ ရက်မှာ စတင်ပြသသွားမှာပါ။

Kubo and the Two Strings

play


သရီးဒီ အန်နီမေးရှင်း အက်ရှင်စွန့်စားခန်း ကာတွန်းဇာတ်ကား ဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီး ချားလိစ်သီရွန်၊ မင်းသားမက်သယူး၊ ရွန်နီမာရာတို့က အသံဖြင့် သရုပ်ဆောင်ထားပါတယ်။ အင်နီမေးရှင်းချစ်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ။ သြစတြေးလျနဲ့ ကိုလံဘီယာမှာ သြဂုတ်လ ၁၈ ရက်နဲ့ အမေရိကန်မှာ သြဂုတ်လ ၁၉ ရက် ရုံတင်မှာ ဖြစ်ပါတယ်။

Jason Bourne

play


နာမည်ကြီးမင်းသား မတ်ဒေမွန် အဓိက ပါဝင်ထားတဲ့ Bourne ရုပ်ရှင်ဇာတ်ကားတွဲတွေရဲ့ အသစ်ထွက်ရှိလာတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားက Bourne ဇာတ်ကားတွဲတွေရဲ့ ငါးခုမြောက် ဇာတ်ကားလည်း ဖြစ်ပါတယ်။ မတ်ဒေမွန်ရဲ့ Bourne ဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ။ အာဂျင်တီးနားမှာ သြဂုတ်လ ၄ ရက်၊ အိန္ဒိယမှာ သြဂုတ်လ ၅ ရက်နဲ့ ဂျာမနီမှာ သြဂုတ်လ ၁၁ ရက် ရုံတင်ပြသသွားမှာပါ။

Lo and Behold: Reveries of the Connected World

play


ဒါရိုက်တာ ဝါနာဟာဇော့ဂ်ရဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။ အင်တာနက်၊ စက်ရုပ် စတဲ့ နည်းပညာတွေက လူသားတွေရဲ့ ဘဝကို အကျိုးသက်ရောက် ဖြစ်စေတဲ့အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်။ အမေရိကန်မှာ သြဂုတ် ၁၉ ရက်နေ့ စတင်ပြသမှာ ဖြစ်ပါတယ်။

Pete’s Dragon

play


၁၉၇၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကို နာမည်တူဖြင့် Walt Disney Picture က ပြန်လည် ရိုက်ကူးထုတ်လုပ်ခဲ့တာပါ။ မိဘမဲ့ ကောင်းလေး Pete နဲ့ သူ့ရဲ့အဖော် နဂါးနဲ့တူတဲ့ တိရစ္ဆာန်လေး Elliot တို့ရဲ့ စွန့်စားခန်း ဇာတ်လမ်းဖြစ်ပါတယ်။ သြဂုတ်လ ၁၁ ရက်မှာ စတင်ဖြန့်ချိသွားမှာပါ။

Mia Madre

play


အီတလီဒါရိုက်တာ ရိုက်ကူးထားတဲ့ ပြင်သစ်-အီတလီ ဒရာမာ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ အနုပညာနဲ့ ဘဝကြားက အဖြစ်အပျက်တွေကို ဇာတ်အိမ်တည် ရိုက်ကူးပုံဖော်ထားပါတယ်။ အာဂျင်တီးနားမှာ သြဂုတ်လ ၆ ရက်၊ တောင်ကိုရီးယားမှာ သြဂုတ်လ ၂၀ ရက်နဲ့ ချီလီမှာ သြဂုတ်လ ၂၉ ရက် ရုံတင်မှာ ဖြစ်ပါတယ်။

Tickled

play


ဂျာနယ်လစ်တစ်ဦးရဲ့ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ အွန်လိုင်းပြိုင်ပွဲတစ်ခုကို ပါဝင်ယှဉ်ပြိုင်မိရာမှာ တွေ့ကြုံလာရတဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဗြိတိန်မှာ သြဂုတ် ၁၉ ရက် စတင်ပြသသွားမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ