Movie & Music: အယ်လ်ဘမ်သစ်ထွက်တော့မယ်လို့ ဘရစ်တနေစပီးယားကြေညာ

ဒီလထဲမှာပဲ ဝယ်ယူနားဆင်နိုင်တော့မှာပါ။

play

 

အယ်လ်ဘမ်သစ်မထွက်တာကြာနေပြီဖြစ်တဲ့ ပေါ့ပ်ဘုရင်မ ဘရစ်တနေစပီးယားက ယခုလထဲမှာပဲ အယ်လ်ဘမ်သစ်ကို ဖြန့်ချိတော့မယ်လို့ ပြောလိုက်ပါပြီ။ Glory အမည်ရှိ အယ်လ်ဘမ်သစ်ကို သြဂုတ် ၂၆ ရက်မှာ စတင်ဖြန့်ချိမယ်လို့သိရပါတယ်။

play

 

ကြိုတင်မှာယူသူတွေကို Private Show အမည်ရှိ သီချင်းတစ်ပုဒ်ကို ချက်ခြင်းရရှိမှာဖြစ်တယ်လို့လည်း သူမရဲ့တွစ်တာပေါ်မှာရေးထားပါတယ်။

play

 

ဘရစ်တနေဟာ ၂၀၁၃ ခုနှစ်မှာ Britney Jean စတူဒီယိုအယ်ဘမ်ကို နောက်ဆုံးဖြန့်ချိခဲ့တာပါ။ ပြီးခဲ့တဲ့နိုဝင်ဘာတုန်းကတော့ အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း E! သတင်းဌာနကို သူမကပြောကြားခဲ့ပါသေးတယ်။ အယ်လ်ဘမ်သစ် Glory ကို Apple Music ကနေပဲ ဖြန့်ချိမှာဖြစ်တယ်လို့ သိရပါတယ်။

Source : Britney Spears Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ