Movie & Music: စကားဆက်မပြောကြတော့ဘူးဆိုတဲ့ ချာလီပွတ်သ်နဲ့ဆယ်လီနာတို့ရဲ့ သီချင်းဗီဒီယိုထွက်ရှိ

နှစ်ယောက်သား အချစ်ရေးကလည်း အဆုံးသတ်သွားခဲ့ပါပြီ။

play

 

ချာလီပွတ်သ်နဲ့အတူ ဆယ်လီနာဂိုးမက် ပါဝင်သီဆိုထားတဲ့ We Don't Talk Anymore သီချင်းဗီဒီယိုကတော့ နှစ်ယောက်လမ်းခွဲပြီးချိန်မှာ ထွက်ရှိလာပါတယ်။ သြဂုတ် ၂ ရက်နေ့က YouTube ပေါ်မှာ တင်လိုက်တာပါ။

play

 

လမ်းခွဲပြီး နောက်လူတွေကိုယ်စီရှိလာပေမယ့် တစ်ယောက်ကိုတစ်ယောက် သတိရနေကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ပြန်ဆက်သွယ်ချင်ပေမယ့်လည်း မဆက်သွယ်ဖြစ်တော့ဘဲ သတိတရနေရှိတဲ့အကြောင်းကို " ငါတို့ စကားဆက်မပြောကြတော့ဘူး" ဆိုတဲ့စာသားနဲ့အညီ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ တကယ်ချစ်ခဲ့ကြပြီး တကယ်ပြတ်သွားကြတဲ့ ချာလီပွတ်သ်နဲ့ ဆယ်လီနာဂိုးမက်တို့ကတော့ ဒီသီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ထားခြင်းမရှိပါဘူး။

play

 

သူစိမ်းတွေဖြစ်သွားကြပေမယ့် ချာလီပွတ်သ်ဟာ ဇူလိုင်လမှာပြုလုပ်ခဲ့တဲ့ ဆယ်လီနာရဲ့ Revival ဖျော်ဖြေပွဲမှာ စန္ဒယားတီးပြီး ဝင်ရောက်ဖျော်ဖြေခဲ့ပါသေးတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ