Movie & Music: ပေါ့ပေါ့ပါးပါးနဲ့ရယ်မောပျော်ရွှင်ရမယ့် "ဘောစိ" ရုပ်ရှင်ဇာတ်ကား

ဒီနေ့နံနက်က သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲ ပြသခဲ့တာ ဖြစ်ပါတယ်။

play

 

"ဘောစိ" ရုပ်ရှင်ဇာတ်ကားအထူးပွဲကိုတော့ သြဂုတ်လ(၇)ရက်ဒီနေ့မှာ သမ္မတရုပ်ရှင်ရုံတွင် ပြသခဲ့ပါတယ်။ ဒီဇာတ်ကား ကတော့ ပရိသတ်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပြီး အောင်တိုင်ကျော် ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

play

 

ဒီဇာတ်ကားမှာတော့ အရမ်းကို ချမ်းသာချင်တဲ့ ဒရိုက်ဘာလေးကျော်ဝဏ္ဏနဲ့ အရမ်းကို ချမ်းသာကြွယ်ဝတဲ့ သူဌေးမကြီး ဒေါ်ရိုစီတို့ရဲ့ ရယ်မော်စရာအပြည့်နဲ့ဖူးစာဆုံကြတဲ့ ဇာတ်ကွက်တွေကလည်း တမူထူးထူးခြားခြားနဲ့ တင်ဆက်ထား တာကို တွေ့ရပါတယ်။ မင်းသမီးရတနာဗိုလ်ရဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "ဘောစိ" ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လထဲမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

play

 

ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီလူမင်း၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံနဲ့၊ ရတနာဗိုလ်တို့ က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ