Movie & Music: ကန်ဒေါ်လာ ၁ သန်းနီးပါးတန်သွားတဲ့ စူပါမန်းရုပ်ပြစာအုပ်

ဒါတောင် ကော်ပီစာအုပ်ပဲရှိပါသေးတယ်။

play

 

အမေရိကမှာ စူပါမန်းရုပ်ပြစာအုပ်တစ်အုပ်ကို ကန်ဒေါ်လာ တစ်သန်းနီးပါးနဲ့ လေလံတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။

၁၉၃၈ ခုနှစ်က ပထမဆုံးစူပါမန်းရုပ်ပြစာအုပ်ကို ကော်ပီကူးထားတဲ့ စာအုပ်ဖြစ်ပြီး ရုပ်ပြစာအုပ်ကြိုက်တဲ့လူတွေ အသည်းအသန်လိုချင်ကြတဲ့စာအုပ်လည်း ဖြစ်ပါတယ်။ ဒါးလက်စ်မြို့က ရှေးဟောင်းပစ္စည်းလေလံရောင်းချရေးကုမ္ပဏီက ယင်းစာအုပ်ကို ကန်ဒေါ်လာ ၇၅၀,၀၀၀ နဲ့ ရောင်းချဖို့ မှန်းထားခဲ့ပါတယ်။ တကယ်တမ်း လေလံတင်ရောင်းချရာမှာတော့ ကန်ဒေါ်လာ ၉၅၆,၀၀၀ အထိ ဈေးရခဲ့တာပါ။

စာအုပ်စတင်ဖြန့်ချိတဲ့ ၁၉၈၃ ခုနှစ်မှာ မူရင်းဈေးက ၁၀ ဆင့်နဲ့သာ ရောင်းချခဲ့တာဖြစ်ပါတယ်။

Source : NDTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ