Movie & Music: ပုရိသတွေကြွေသွားမယ့် တီနာရှီရဲ့သီချင်းဗီဒီယိုသစ်

ကယ်ဗင်ဟားရစ်နဲ့တောင် သတင်းထွက်လိုက်ပါသေးတယ်။

play

 

အမေရိကန် တေးရေး၊တေးဆို အကမယ်လေး တီနာရှီက ပုရိသတွေ ကြွေသွားလောက်မယ့် သီချင်းတစ်ပုဒ်ကို ထပ်ပြီးဖြန့်ချိလိုက်ပါပြီ။ နာမည်ကိုလည်း Superlove လို့ အမည်ပေးထားပါတယ်။

play

 

အနီရောင်ဘီကီနီကိုယ်စီနဲ့ ခပ်ဟော့ဟော့ကောင်မလေးတစ်သိုက်က ကမ်းခြေမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေအဖြစ် သရုပ်ဆောင်ထားပါတယ်။ တီနာရှီကတော့ ချယ်ရီရောင် ဘီကီလေးကိုဝတ်ကာ နားဆွဲနီနီလေးနဲ့ ဆက်စီကျနေတာကို တွေ့ရမှာပါ။

play

 

တေလာဆွစ်ရဲ့ ရည်းစားဟောင်း ကယ်ဗင်ဟားရစ်နဲ့ တလောတုန်းက သတင်းတွေထွက်ခဲ့သေးပေမယ့် သူမကတော့ ကယ်ဗင်ဟားရစ်နဲ့ချစ်ကြိုက်မနေကြောင်းကို သွယ်ဝိုက်ငြင်းဆိုခဲ့ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ