Movie & Music: ဗင်းနစ်ရုပ်ရှင်ပွဲတော်အဖွင့် ညစာစားပွဲအခမ်းအနား ငလျင်ကြောင့်ဖျက်သိမ်း

ပြင်းအား ၆.၂ မဂ္ဂနီကျူဒ်အဆင့်ရှိ ငလျင်ဟာ ပြည်သူတွေအိပ်မောကျနေချိန်မှာလှုပ်ခဲ့လို့ လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရပါတယ်။

play

 

အီတလီမှာ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ နာမည်ကျော်ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ဖွင့်ပွဲညစာစားပွဲအခမ်းအနားကို ငလျင်ကြောင့် ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ယခုနှစ်ဗင်းနစ်ရုပ်ရှင်ပွဲတော်ဟာ ၇၃ ကြိမ်မြောက်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။

play

 

ဗုဒ္ဓဟူးနေ့မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဒုက္ခရောက်သူတွေကို စာနာသောအားဖြင့် ညစာစားပွဲအခမ်းအနားကို ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း သိရပါတယ်။

play

 

ယခုနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ယခင်နှစ်တွေကတော့ ဖွင့်ပွဲနေ့မှာ ညစာစားပွဲနဲ့ ကော့တေးပါတီကို ခမ်းနားစွာကျင်းပခဲ့တာပါ။

Source : Hollywood Reporter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ