Movie & Music: ဆုပေါင်း ၈ ခု ပိုင်ရှင် ဘီယွန်းဆေးက မက်ဒေါနားရဲ့စံချိန်ကိုကျော်ဖြတ်

ယခုနှစ်ကတော့ ဘီယွန်းဆေးရဲ့နှစ်လို့ပဲ ပြောရမှာပါ။

play

 

တနင်္ဂနွေညက နယူးယော့ခ်မြို့Madison Square Gareden မှာ ပြုလုပ်တဲ့ 2016 MTV VMAs တေးဂီတဗီဒီယိုဆုပေးပွဲမှာ ဆုအများဆုံးသိမ်းပိုက်သွားတာကတော့ ဘီယွန်းဆေးပါပဲ။ နောက်ဆုံးထွက်ရှိထားတဲ့ Formation ခွေထဲက သီချင်းတွေက သူမရဲ့နာမည်ကို ပိုပြီးတောက်ပသွားစေခဲ့တာပါ။ ယခုနှစ်အတွက် ဆုပေါင်း ၁၁ ဆု လျာထားခံရတဲ့ဘီယွန်းဆေးဟာ လျာထားစာရင်းထဲက ၈ ဆုကို ပိုင်ဆိုင်သွားတာလည်းဖြစ်ပါတယ်။

play

 

ဒါတင်မက ပေါ့ပ်ဘုရင်မကြီး မက်ဒေါနားရဲ့စံချိန်ကိုလည်း ကျော်ဖြတ်လိုက်နိုင်ခဲ့ပါတယ်။ မက်ဒေါနားက MTV VMAs ဆုပေါင်း ၂၀ ကို ပိုင်ဆိုင်ထားသူပါ။ ဒီမတိုင်ခင်က ဘီယွန်းဆေးမှာ ဆုပေါင်း ၁၈ ခု ရထားခဲ့ပါတယ်။ ယခုညမှာ နောက်ထပ် ၈ ဆု ထပ်မံရသွားတာကြောင့် မက်ဒေါနားရဲ့စံချိန်ကို ကျော်လွန်သွားတာလည်းဖြစ်ပါတယ်။ ဆုပေးပွဲရဲ့ အကြီးဆုံးဆုဖြစ်တဲ့ တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဆုကိုလည်း ယခုညမှာ ဘီယွန်းဆေးက Formation သီချင်းနဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Source : Billboard

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ