Movie & Music: ဂွင်းစတက်ဖနီရဲ့ ကနေဒါဖျော်ဖြေပွဲ

, updated

Eve နဲ့အတူ အရင်ကတည်းက သီချင်းတွေအတူသီဆိုခဲ့ကြတာပါ။

play

 

အမေရိကန်အဆိုတော် ဂွင်းစတက်ဖနီဟာ စနေနေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ ရပ်ပ်အဆိုတော် အိဗ်နဲ့အတူ ဖျော်ဖြေခဲ့ပါတယ်။ ယခင်ကတည်းက သူတို့နှစ်ဦး အတူသီဆိုခဲ့ကြတဲ့သီချင်းတွေလည်း အများကြီးပါ။ ခုတော့ နှစ်ဦးတွဲဖျော်ဖြေပွဲကိုပါ ပြုလုပ်လိုက်ကြတာဖြစ်ပါတယ်။

play

 

နှစ်ဦးသား အပေးအယူမျှမျှ သီဆိုခဲ့ကြသလို ကကွက်တွေကလည်း စည်းချက်ညီခဲ့ကြပါတယ်။

play

 

ဂွင်းစတက်ဖနီက အိဗ်နဲ့သီဆိုမှုအပြီးမှာတော့ သူမရဲ့ချစ်သူ ဘလိတ်ခ်ရှယ်လ်တန်ကိုပါ စင်ပေါ်ခေါ်ပြီး အတူသီဆိုခဲ့ကြပါတယ်။ ဘလိတ်ခ်နဲ့ ဂွင်းစတက်ဖနီတို့ အတူရေးစပ်ခဲ့ကြတဲ့ Go Ahead နဲ့ Break My Heart သီချင်းတွေကို အတူတူသီဆိုခဲ့ကြပါတယ်။ သီချင်းဆိုနေစဉ်တစ်လျှောက်လုံးမှာလည်း တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းမခွာကြပါဘူး။

play

 

အဆင်မပြေခဲ့တဲ့အိမ်ထောင်ရေးကိုယ်စီရှိခဲ့ကြပြီးနောက်မှာ ဘလိတ်ခ်နဲ့ဂွင်းစတက်ဖနီတို့ဟာ အချစ်စစ်ကိုတွေ့သွားကြပုံပါပဲ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ