Movie & Music: ဂျင်းဝဲလ်ဒါရဲ့နာမည်ကြီးဇာတ်ကားတွေ ရုံပြန်တင်မယ်

ဝါရင့်သရုပ်ဆောင်ကြီးဟာ တနင်္လာမနက်အစောပိုင်းက ကွယ်လွန်သွားခဲ့တာပါ။

play

 

ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ကြီး ဂျင်းဝဲလ်ဒါကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ဂျင်းဝဲလ်ဒါရဲ့ နာမည်ကျော် ရုပ်ရှင်ကားနှစ်ကားကို ကမ္ဘာတစ်ဝန်းမှာ ပြန်လည်ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

play

 

Willy Wonka and the Chocolate Factory နဲ့ Blazing Saddles ဇာတ်ကားတွေဟာ ပရိသတ်တွေအကြိုက်ဆုံး ဂျင်းဝဲလ်ဒါဇာတ်ကားတွေဖြစ်ပါတယ်။ အထူးသဖြင့် Willy Wonka and the Chocolate Factory ဇာတ်ကားထဲက ဂျင်းဝဲလ်ဒါရဲ့ Candy Man ဇာတ်ရုပ်ဟာ လူကြီးရောကလေးပါကြိုက်နှစ်သက်ခဲ့ကြရပါတယ်။

play

 

ဂျင်းဝဲလ်ဒါအမှတ်တရ ဇာတ်ကားနှစ်ကားကို ကမ္ဘာတစ်ဝန်းရှိ AMC နဲ့ Warner Bros တို့ရဲ့ ရုပ်ရှင်ရုံတွေနဲ့ ပြဇာတ်ရုံပေါင်း ၅၅ ခုမှာ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်တွေမှာ ပြသသွားမှာဖြစ်ပါတယ်။ ဂျင်းဝဲလ်ဒါဟာ အယ်လ်ဇိုင်းမားရောဂါကို သုံးနှစ်တာတွန်းလှန်ခဲ့ပြီးနောက် တနင်္လာမနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၈၃ နှစ် ရှိပါပြီ။

Source : Hollywood Reporter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ