Movie & Music: လေဒီဂါဂါရဲ့ အယ်လ်ဘမ်သစ်အကြောင်း စိတ်ဝင်စားစရာအချက် (၃) ချက်

အချစ်ဟောင်း တေလာကင်နီအကြောင်းကိုပါ သီချင်းထဲမှာ နားထောင်ရမယ့်သဘောပါပဲ။

play

 

လေဒီဂါဂါရဲ့ အယ်လ်ဘမ်သစ် Joanne ကို အောက်တိုဘာ ၂၁ ရက်မှာ စတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။ အယ်လ်ဘမ်သစ်ရဲ့ကာဗာပုံနဲ့အတူ ထွက်ရှိမယ့်ရက်ကို သူမရဲ့တွစ်တာပေါ်မှာ ကြေညာထားတာကိုလည်း တွေ့ရပါတယ်။ အယ်လ်ဘမ်သစ်ထဲက Illusion အမည်ရှိ သီချင်းတစ်ပုဒ်ကိုတော့ ယခုလဆန်းကတည်းက စတင်ဖြန့်ချိထားပြီးသားပါ။ ဂါဂါရဲ့နောက်ဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ကို လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ယခုအယ်လ်ဘမ်မှာလည်း စိတ်ဝင်စားစရာအချက်လေးတွေ ရှိနေပါတယ်။

play

 

၁။ ဂျုန်း (Joanne) ဆိုတာ သူမရဲ့အဖေဘက်က တော်စပ်တဲ့ အဒေါ်ရဲ့အမည်ပါ။ သူမအသက် ၂၀ မတိုင်မီကတည်းက ကွယ်လွန်သွားခဲ့တဲ့အဒေါ်ရဲ့အမည်ကို အယ်လ်ဘမ်ခေါင်းစဉ်ပေးထားတာဖြစ်ပါတယ်။

၂။ သီချင်းအမျိုးအစားအစုံအလင်ကို ထည့်သွင်းသီဆိုထားပြီး ရော့ခ်၊ country နဲ့ ဘောလိဝုဒ်ဆန်ဆန်သီချင်းတွေပါ ပါဝင်မယ်လို့ ဂါဂါက ပြောပါတယ်။

play

 

၃။ ဒါတင်မက သူမရဲ့ပုဂ္ဂိုလ်ရေးတွေပါ သီဆိုထားပါသေးတယ်။ အချစ်ဟောင်း တေလာကင်နီအကြောင်းကိုပါ သီချင်းထဲမှာ နားထောင်ရမယ့်သဘောပါပဲ။

Source : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ