Movie & Music: တေလာဆွစ်ကို ရည်ညွှန်းထားပုံရတဲ့ ကယ်ဗင်ဟားရစ်ရဲ့ သီချင်းသစ်

, updated

ကယ်ဗင်ဟားရစ်နဲ့ နောက်ဆုံးသတင်းထွက်နေသူကတော့ အဆိုတော်သရုပ်ဆောင်မမကြီး ဂျနီဖာလိုပက်စ်ပါ။

play

 

လွန်ခဲ့တဲ့လေးလက တေလာဆွစ်နဲ့ ပြတ်သွားခဲ့တဲ့ ကယ်ဗင်ဟားရစ်ဟာ သောကြာနေ့မှာ သီချင်းသစ်တစ်ပုဒ်ကို ဖြန့်ချိလိုက်ပါတယ်။ စာသားတွေကတော့ တေလာဆွစ်ကို ရည်ညွှန်းထားပုံရတယ်လို့ လူတွေက မှတ်ချက်ပေးနေကြပါတယ်။

play

စကော့တလန်သား DJ သမား ကယ်ဗင်ဟားရစ်ရဲ့ သီချင်းသစ်က My Way လို့ အမည်ရပြီး စာသားတွေဟာ တေလာဆွစ်ကို ပြောချင်တဲ့စကားတွေလို့ ယူဆရပါတယ်။ " ပြောဖို့များ ဘာကြောင့်စောင့်ဆိုင်းနေရတာလဲ၊ အနည်းဆုံးတော့ ငါက ငါ့လမ်းကြောင်းအတိုင်းလုပ်ခဲ့တာပဲ၊ မင်းက ငါ့လမ်းကြောင်းထဲက တစ်ခုပါပဲ" စတဲ့ စာသားတွေကို ထည့်သွင်းထားတာပါ။ တေလာဆွစ်ကို စိတ်ကုန်သွားပြီလို့ ပြောချင်တာလည်း ဖြစ်နိုင်ပါတယ်။

play

 

ကယ်ဗင်ဟားရစ်နဲ့ တေလာဆွစ်တို့ဟာ ၁၅ လ ကြာ ချစ်ခဲ့ကြပါတယ်။ ပြတ်ပြီး နှစ်ပတ်အတွင်းမှာတင် တေလာဆွစ်က တွမ်ဟစ်ဒယ်လ်စတန်နဲ့တွဲခဲ့ကာ သုံးလအကြာ ယခုလအစောပိုင်းမှာလည်း ထပ်ကွဲသွားကြပြန်ပါပြီ။ ကယ်ဗင်ဟားရစ်ကတော့ တေလာဆွစ်နဲ့ပြတ်ပြီးနောက်မှာ ဟိုလူနဲ့လိုလို ဒီလူနဲ့လိုလို သတင်းထွက်ပေမဲ့ ခုထိ တစ်ယောက်တည်းဖြစ်နေတုန်းပါပဲ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ