Movie & Music: စက်တင်ဘာ(၃၀)မှာ ရုံတင်ပြသမယ့် "မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်"

ဒီနေ့နံနက်(စက်တင်ဘာ၁၈)ရက်နေ့က အထူးပွဲ ပြသခဲ့ပါတယ်။

play

 

ပရိသတ်စိတ်ဝင်စားမှု အများဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်" ရုပ်ရှင်ဇာတ်ကား ကို စက်တင်ဘာ (၃၀) ရက်နေ့မှ စလို့ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။ ဒီနေ့နံနက်မှာ လည်း သမ္မတ ရုပ်ရှင်ရုံတွင် ယင်းဇာတ်ကား အထူးပွဲပြသခြင်းကို ပြုလုပ်ခဲ့ပါသည်။

play

 

"ဒီဇာတ်ကားက အသက်၅၀ ဝန်းကျင်က လူတွေ သိတယ်။ နောက်ပိုင်းကလေးတွေက သိပ်မ သိကြဘူး။ ကျွန်တော်အခုလို ပြန်လည် ဖန်တီး လိုက်တော့ နောက်ကလေးတွေလည်း ပြန်လည် သိလားနိုင်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  အကောင်းဆုံး ပရိသတ်ကို ချပြတာပါ။အရင်ဇာတ်တွေကတော့ တူပါတယ်၊ ဒါပေမဲ့ ဆန်းသစ်မှုေ တွနဲ့ တွေ့ရမှာပါ"လို့ဒါရိုက်တာ သီဟကျော် စိုးကပြောပါတယ်။

play

 

အဲ့ဒီဇာတ်ကားမှာ သရုပ်ဆောင်များ အဖြစ် နေမင်း၊ အေးမြတ်သူတို့က အဓိကပါ ဝင်သရုပ်ဆောင် ထားကြပါတယ်။ "မအေးပွင့် မြင့်မြင့်စန်းလမ်းသုံးဆယ်" ဇာတ်ကားက ယခင် မင်းသမီး ခင်သီတာထွန်း ရိုက်ကူးကတည်းက နာမည်ကြီးခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ