Movie & Music: မိဘမေတ္တာကို ဖော်ကျူးထားတဲ့ "အမျှ..အမျှ..အမျှ" ရုပ်ရှင်ဇာတ်ကား

စက်တင်ဘာ(၁၈)ရက်နေ့က စလို့ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

play

 

ဇာတ်လမ်း ဘရဏီကျော် ဇာတ်ညွှန်းမောင်မြတ်ဆွေရေးသားထားပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)ရိုက်ကူးတဲ့ "အမျှ..အမျှ..အမျှ"ရုပ်ရှင်ဇာတ်ကားမှာ ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ လင်းဇာနည်ဇော်နဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ မိဘမေတ္တာကို ဖော်ကျူးထားတဲ့ အဲ့ဒီဇာတ်ကားကတော့ ရုပ်ရှင်ကြည့်ပရိသတ်တွေကို ထူးခြားမှု တစ်ခုပေးသွားမယ့် ဇာတ်ကားတစ်ကား ဖြစ်တယ်လို့ သိရပါတယ်။

play

 

" ဒီကားလေးက သရဲကားပါ၊ ဒါပေမယ့် ရိုးရိုးသာမာန်သရဲကားမဟုတ်ပါဘူး၊ မြန်မာ အမျိုးသမီးတိုင်း မိခင်မေတ္တာ ကြီးမားပုံကို ရိုက်ကူးသွားမှာပါ၊  ဒီကား လေးရဲ့နာမည်ကို အမျှ ၊ အမျှ လို့ပေးရတာက အမျှကနှစ်ခါတည်းပေးတော့ သာဓုမခေါ်နိုင်ဘူး၊ နောက်ဆုံးမှာ ဒီကားကိုကြည့်ရှုနေတဲ့ပရိတ်သတ်တွေ က အမျှ သုံးခါခေါ်ရတဲ့ ရသမျိုးကို ပေးပြီး ထူးထူးခြားခြားလေးလုပ်သွားမှာပါ၊"လို့ ဒါရိုက်တာစတီးကပြောသည်။

play

 

အဲ့ဒီရုပ်ရှင်ဇာတ်ကားသည် မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ပြီး မိခင်မေတ္တာက သက်ရှိထင်ရှား ရှိမှ မဟုတ်ဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းနေသော်လည်း မိခင်မေတ္တာကြီးမားပုံ၊ အမျှနှစ်ခါပဲ ပေး၍ မကျွတ်မ လွတ်ဘဝသို့ ရောက်ရှိနေသော်လည်း မိခင်မေတ္တာကြီးမားပုံကို ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ