Movie & Music: အောက်တိုဘာလထဲမှာ ရုံတင်ပြသမယ့် "ရပ်ကွက်ဘုရင်မ၂"

အလန်းစားဖက်ရှင်များနဲ့ တွေ့ရဦးမှာ ဖြစ်ပါတယ်။

play

 

အောင်မြင်မှု ရရှိခဲ့တဲ့ "ရပ်ကွက်ဘုရင်မ"ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်တဲ့ "ရပ်ကွက်ဘုရင်မ-၂"ကို အောက်တိုဘာလ ထဲတွင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီး မင်းသမီးငါးယောက်အပြိုင် ဖိုက်မယ့် အဲ့ဒီဇာတ်ကားအတွက် လက်မှတ်များကို မကြာခင်ရောင်းချတော့မှာ ဖြစ်တယ်လို့  သိရပါတယ်။

play

 

"ရပ်ကွက်ဘုရင်-၂" ဇာတ်ကားထဲမှာ မို့မို့မြင့်အော်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ အေးမြတ်သူ၊ ဘေဘီမောင်၊ ရာဇာနေဝင်း၊ အရိုင်း၊ ကင်းကောင်၊ ခင်လှိုင်၊ ဗေလုဝ၊ ဒိန်းဒေါင်တို့က အဓိက ပါဝင်ထားတာ ဖြစ်ပြီး ဒါရိုက်တာ ခင်စောမျိုးရဲ့ အမိုက်စား ရိုက်ချက်များနဲ့ မကြာခင် ပရိသတ်တွေ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ