Movie & Music: ပဲခူးနဲ့ တောင်ငူမြို့မှာ ရုပ်ရှင်ရုံနှစ်ရုံ ဖွင့်လှစ်

မင်္ဂလာ Cineplex ရုံများကို ပဲခူးမြို့နဲ့ တောင်ငူမြို့တို့မှာ အသစ်ဖွင့်လှစ်လိုက်ပါတယ်။

play

 

ပဲခူးမြို့ နာရီစင်အနီးရှိ ICON Shopping Mall အဆင့်မြင့် ကုန်တိုက်ကြီးတွင် အဆင့်မြင့် ရုပ်ရှင်ရုံ (၂)ရုံပါဝင်သော Cineplex သစ်ကြီးကို စက်တင်ဘာလ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။ ထို့အပြင် တောင်ငူမြို့ ရှိ ရွှေဆံတော်ဘုရား အနောက်ဘက်မုခ် ဦးမှန်းလမ်းပေါ်တွင် လည်း New 3D Cinema Cineplex သစ်ကြီး ကိုလည်း စက်တင်ဘာလ ၂၂ ရက်နေ့ကပင် တစ်ပြိုင်တည်း ဖွင့်လှစ်ပြသခဲ့ပါတယ်။

play

 

အဆိုပါ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ ၁၅ ရုံနှင့် ၁၆ ရုံမြောက် ရုပ်ရှင်ရုံကြီးများဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာရုပ်ရှင်ဇာတ်ကား သစ်များနှင့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားသစ် များ၏ နမူနာကို 2D၊ 3D များနှင့် လာရောက်ကြည့်ရှုသူ ပရိသတ်များကို အခမဲ့ ပြသပေးခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ