Movie & Music: မကြာခင်ရုံတင်ပြသမယ့် "ရွှေဒင်္ဂါးကို ထွေခင်းကစားမယ်" ရုပ်ရှင်ဇာတ်ကား

, updated

အောက်တိုဘာလဆန်းပိုင်းတွင် ရုံတင်ပြသမှာ ဖြစ်ပါတယ်။

play

 

လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ဖြန့်ချိမယ့် "ရွှေဒင်္ဂါးကို ထွေခင်း ကစားမယ်" အမည်ရှိ ရုပ်ရှင် ဇာတ်ကားအား အောက်တိုဘာ လဆန်းတွင် သမ္မတ ရုပ်ရှင်ရုံတွင် စတင်ပြသမယ်လို့ သိရပါတယ်။

play

 

" ဒီရုပ်ရှင်ကားလေးက ကျွန်တော်တို့ ထိုင်းနယ်စပ်နားက ရွာလေးတစ်ရွာမှာ ရိုက်ကူးထားတာပါ၊ ဒီကားလေးက ဟာသဇာတ်လမ်းလေးပါ။ လူတစ်ယောက်က လောဘတက်လာ ရင် အမှားမှားအယွင်းယွင်းတွေပြုလုပ်၊ လုပ်သင့်မလုပ်သင့် မစဉ်းစားတော့ဘူး၊ အမှောင်လောကမှ ပိတ်မိနေတာကို ဟာသပုံစံလေး ရိုက်ကူးထားတာပါ " လို့ တွဲဖက် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ သြရသ ကပြောပါတယ်။

play

 

"ရွှေဒင်္ဂါးကို ထွေခင်း ကစားမယ်" ဇာတ်လမ်း၊ ဇာတ်ညွန်းကို လွင်မင်းအံ့ ၊ တွဲဖက်ဒါရိုက်တာ မောင်သီဟနှင့် သြရသ ဖြစ်ပြီး ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်ရာ ပါဝင် သရုပ်ဆောင်ထားသည့်အနုပညာရှင်များသည် နေတိုး၊ အိချောပို ၊ ကျော်ကျော် ၊ နေဆန်း၊ ဆင်မ တို့အပြင် အခြားသော ဟာသသရုပ်ဆောင်ပေါင်း များစွာရိုက်ကူးထားသည့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ