Movie & Music: ဘားတွေကို လှည့်လည် သီဆိုဖျော်ဖြေပေးနေတဲ့ လေဒီဂါဂါ

လေဒီဂါဂါဟာ အခု အမေရိကကို ပတ်ပြီး ဘားတွေမှာ သီဆိုဖျော်ဖြေမှုအစီအစဉ်ကို စတင်လိုက်ပါပြီ။

play

 

အမေရိကကို ပတ်ပြီး ဘားတွေမှာ သီချင်းလိုက်ဆိုနေတဲ့ လေဒီဂါဂါဟာ အောက်တိုဘာလ ၅ ရက်နေ့ညက နက်ရှ်ဗီးလ်မြို့က ဘားတစ်ခုမှာ သီချင်းသစ် သုံးပုဒ်ကို သီဆိုပြခဲ့ပါတယ်။

သူမရဲ့အယ်လ်ဘမ်သစ် Joanne ထဲက Sinner's Prayer၊ A-Yo and Million Reasons တို့အပြင် တစ်ပုဒ်တည်း သီးသန့်ထုတ်တဲ့ Perfect Illusion တို့ကို သီဆိုပြခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မနာမည်က လေဒီဂါဂါပါ။ ကျွန်မက နယူးယော့ခ်က အဆိုတော်၊ သီချင်းရေးဆရာပါ" လို့ သူမက လူအုပ်ကြီးကို ပြောပြခဲ့ပါတယ်။

"ဒါပေမဲ့ ကျွန်မကို ဒီတစ်ညတော့ ဂျိုအန်းလို့ ခေါ်ပေးပါ" လို့ သူမက တောင်းဆိုခဲ့ပါတယ်။

play

 

ဒါဟာ သူမရဲ့ ဘားတွေကို လှည့်လည်ဖျော်ဖြေရေးအစီအစဉ်မှာ ပထမဆုံး ရပ်နားသီဆိုခြင်းဖြစ်ပြီး ပရိသတ် ၁၀၀ သာ ရှိခဲ့ပါတယ်။

ပရိသတ်အများစုကတော့ Million Reasons ကို အရမ်းကြိုက်ကြောင်း တွစ်တာကနေ ပြောခဲ့ကြပါတယ်။

အောက်တိုဘာ  ၂၀ ရက်နဲ့ ၂၇ ရက်တွေမှာ ထပ်မံ ဖျော်ဖြေဖို့ ရှိသေးပေမဲ့ ဘယ်နေရာတွေမှာ သီဆိုသွားမယ်ဆိုတာကိုတော့ မကြေညာသေးပါဘူး။

Soure & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ