Movie & Music: ဂျက်ကလင်းကနေဒီအဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားတဲ့ နာတာလီပေါ့တ်မန်း

Jackie ဇာတ်ကားရဲ့ ပထမဆုံးနမူနာထဲမှာ တွေ့ရှိရပါတယ်။

play

 

နာတာလီပေါ့တ်မန်းဟာ ကျက်သရေရှိလှတဲ့ သမ္မတကတော်တစ်ဦးအဖြစ် သရုပ်ဆောင်နိုင်သူပါ။

ဂျက်ကလင်းကနေဒီလို ဝတ်ဆင်ထားတဲ့ နာတာလီယာပေါ့တ်မန်းရဲ့ ပထမဆုံးဓာတ်ပုံ ထွက်ရှိလာပြီး တစ်နှစ်နီးပါးအကြာမှာ သူမရဲ့သရုပ်ဆောင်ပုံကိုပါ မြင်တွေ့ရပါပြီ။

play

 

၁ မိနစ်နဲ့ ၄၅ မိနစ်သာရှိတဲ့ နမူနာထဲမှာ ဂျက်ကီ  (ဂျက်ကလင်းကနေဒီ) ရဲ့ ပုံစံကို အများကြီး ဖော်ပြမထားပေမဲ့ ရုပ်ရှင်တေးသွား၊ ဂျက်ကီရဲ့မိသားစု၊ ဖက်ရှင်နဲ့ ကမ်းမလော့တ် (သမ္မတဂျွန်ကနေဒီအစိုးရ) ကျဆုံးခန်းတို့ကို မြင်တွေ့ရပါတယ်။

play

 

"လူတွေက နတ်သမီးပုံပြင်တွေကို ယုံချင်ကြတယ်။ တိုတောင်းပြီး တောက်ပတဲ့ အချိန်ခဏလေးအတွက် ကမ်းမလော့တ်တစ်ခု ရှိခဲ့တယ်ဆိုတာ မမေ့ပါနဲ့" လို့ ပေါ့တ်မန်းက နမူနာထဲမှာ ပြောထားခဲ့ပါတယ်။

Source & Photos : ET

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ