Movie & Music: ဟယ်ရစ်ဆင်ဖို့ဒ် ခြေကျိုးမှုအတွက် ထုတ်လုပ်ရေးကုမ္ပဏီ ပေါင် ၁.၆ သန်း ပေးရမည်

ကျန်းမာရေးနဲ့ လုံခြုံရေး အားနည်းခဲ့တဲ့အပေါ် ရုံးတော်က ဒဏ်ရိုက်လိုက်ပါတယ်။

play

 

Star Wars ဇာတ်ကားရိုက်ရင်း မင်းသားကြီး ဟယ်ရစ်ဆင်ဖို့ဒ် ခြေထောက်ကျိုးသွားခဲ့မှုအပေါ် ကုမ္ပဏီဘက်က ဒဏ်ငွေအဖြစ် ပေါင် ၁.၆ သန်း (ဒေါ်လာ ၂ သန်းခန့်) ပေးဆောင်ဖို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

play

 

Star Wars: The Force Awakens ဇာတ်ကားရိုက်ကူးစဉ်က ရိုက်ကွင်းပေါ်ရှိ ဟိုက်ဒရောလစ်တံခါး ကျိုးပဲ့ရာကနေ ဟယ်ရစ်ဆင်ဖို့ဒ်ရဲ့ခြေထောက်ကို ထိခိုက်မိပြီး ခြေကျိုးသွားခဲ့တာပါ။ ဒစ္စနေပိုင် Foodles Production ကုမ္ပဏီကလည်း ဒီဖြစ်ရပ်အပြီးမှာ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှု ဥပဒေနှစ်ခုကို ချိုးဖောက်ခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။ ကျန်းမာရေးနဲ့လုံခြုံစိတ်ချရမှု ယိုယွင်းပျက်ကွက်တဲ့ Foodles Production ကုမ္ပဏီကို Aylesbury Crown တရားရုံးက ဒဏ်တပ်လိုက်တာဖြစ်ပါတယ်။

play

 

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်က ဘက်ကင်ဟမ်ရှိုင်းယားရှိ Pinewood စတူဒီယိုမှာ ရိုက်ကူးနေစဉ် ကြီးမားတဲ့သံမဏိတံခါးကြီးက ဟယ်ရစ်ဆင်ဖို့အပေါ်ကို ပြုတ်ကျခဲ့တာပါ။ လေးလံတဲ့တံခါးကြီးက အရှိန်နဲ့ကျတာဖြစ်လို့ ဖို့ဒ်ကို အတော်လေးထိခိုက်မိခဲ့တာဖြစ်ပါတယ်။

Source : Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ