Movie & Music: "ကိုပေါ"သီချင်းကို အခြေခံကာ ရိုက်ကူးမယ့် ရုပ်ရှင်

မြန်မာပေါကားများရပ် Event ကို တွန်းလှန်မယ့် ဇာတ်ကားတစ်ကား ဖြစ်အောင်ရိုက်ကူးမယ်လို့ ဆိုပါတယ်။

play

 

သမန်းကျားရုပ်ရှင် နဲ့ ဗီဒီယို ထုတ်လုပ်ရေး မှ ထုတ်လုပ်ရိုက်ကူးမယ့် "ကိုပေါ" ရုပ်ရှင်ဇာတ်ကားကို မြန်မာပေါကားများရပ်ဆိုတဲ့ Event ကို တွန်းလှန်နိုင်မယ့် ဇာတ်ကားတစ်ကားမျိုး ဖြစ်အောင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

play

 

အဲ့ဒီရုပ်ရှင်ဇာတ်ကားမှာ စည်သူ(ပလပ်ကျွတ်)နဲ့ စံရတီမိုးမြင့်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ယခုထက်တိုင်နာမည်ကြီး နေသည့် တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ကိုပေါသီချင်းကို အခြေခံကာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

အဲ့ဒီရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ(၅)ရက်နေ့တွင် မြင်းခြံ၊ တောင်သာနဲ့ထနောင်းကုန်းဒေသတို့မှာ သွားရောက် ရိုက်ကူးမယ်လို့သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ