Movie & Music: ဟာသဇာတ်ကားဖြစ်တဲ့ "ဘွန္တောကြက်သူခိုး" ရုပ်ရှင်

ပရိသတ်တွေ မြင်နေကျ ပုံစံထဲက ကွဲထွက်စေမယ့် ဇာတ်ကားတစ်ကား ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဘွန္တောကြက်သူခိုး ဟာသရုပ်ရှင်ဇာတ်ကား အထူးပွဲ ပြသခြင်းအခမ်းအနားကို ဒီနေ့နံနက်(အောက်တိုဘာ၁၆)ရက်နေ့ က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

အဲဒီဇာတ်ကားကို နိုဝင်ဘာလထဲမှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

တောဓလေ့ကို အခြေခံပြီး ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်များအဖြစ် အောင်ရဲလင်း၊ အေးမြတ်သူ၊ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ကရိုက်ကူး ပုံဖော်ထားတယ်လို့ သိရပါတယ်။

Photo : ဘွန္တောကြက်သူခိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ