Movie & Music: ပရိသတ်များ ကြိတ်ကြိတ်တိုး အားပေးနေတဲ့ ရုပ်ရှင်

"ရွှေဒင်္ဂါးကို ထွေခင်းကစားမယ်" ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ် အားပေးမှု ရရှိနေပြီ ဖြစ်ပါတယ်။

play

 

"ရွှေဒင်္ဂါးကို ထွေခင်းကစားမယ်" ရုပ်ရှင်ဇာတ်ကားကို မိုးထဲလေထဲမှာ ကြိတ်ကြိတ်တိုး အားပေးနေတဲ့ ပရိသတ်များ ကို ယခုလို တွေ့ရပါတယ်။ ရုံတင်တဲ့ နေ့ကတည်းက ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ် ကားလည်း ဖြစ်ပါတယ်။

play

 

ဟာသဇာတ်ကားတစ်ကားဖြစ်ပေမဲ့ လောဘကြောင့် မမှားသင့်တာတွေကို မှားတတ်ပြီး အမှောင်လောကမှာ ပိတ်မိနေတာကို ဟာသပုံစံလေးနဲ့ ရိုက်ကူးပေးထားတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

play

 

"ရွှေဒင်္ဂါးကို ထွေခင်း ကစားမယ်" ဇာတ်လမ်း၊ ဇာတ်ညွန်းကို လွင်မင်းအံ့ ၊ တွဲဖက်ဒါရိုက်တာ မောင်သီဟနှင့် သြရသ ဖြစ်ပြီး ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်ရာ ပါဝင် သရုပ်ဆောင်ထား တဲ့အနုပညာရှင်များက နေတိုး၊ အိချောပို ၊ ကျော်ကျော် ၊ နေဆန်း၊ ဆင်မ တို့အပြင် အခြားသော ဟာသ သရုပ်ဆောင်ပေါင်း များစွာရိုက်ကူးထားသည့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ