Movie & Music: လကုန်ရင်ကြည့်ရတော့မယ့် မကြီးစန်းနှင့် သူ၏ချစ်သူများ

အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ဖြန့်ချိမယ်လို့ သိရပါတယ်။

play

 

မိတ်ကပ်ခင်စန်းဝင်းရဲ့ ဘဝအကြောင်းကို အခြေခံကာ ရိုက်ကူးထားတဲ့ "မကြီးစန်းနှင့်သူ၏ချစ်သူများ"ဇာတ်ကား ကို အောက်တိုဘာ နောက်ဆုံးအပတ်မှာ ဖြန့်ချိပေးမယ်လို့ သိရပါတယ်။

play

 

သူ့ဘဝရဲ့ အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ အဲဒီဇာတ်ကားမှာလည်း မိတ်ကပ်ခင်စန်းဝင်းကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားကာ အဲဒီဇာတ်ကား စတင်ရိုက်ကူးချိန်ကတည်းက ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

play

 

အဲဒီဇာတ်ကားမှာ မိတ်ကပ်ခင်စန်းဝင်းနဲ့အတူ သရုပ်ဆောင်သစ်ထက်အောင်ရှိုင်း၊ ဆုပန်ထွာ၊နှင်းယမုံဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကာ လူမင်း၊ ဖြိုးငွေစိုး၊ ထွန်းလွင်အောင်၊ စိုးရန်အောင်၊ ဇွဲပြည့်နဲ့အေးမြတ်သူတို့က ဧည့်သည်သရုပ်ဆောင်များအဖြစ် ပါဝင်ထားကာ စိန်ဌေးဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ချိမယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : ခင်စန်းဝင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ