Movie & Music: နာမည်ကြီး အဆိုရှင်လေးဦးရဲ့ ဖျော်ဖြေပွဲ

၁၉၈၀ပြည့်နှစ်တစ်ဝိုက် အတွဲညီခဲ့တဲ့ ချစ်ကောင်း၊ တူးတူး၊ဟေမာနေဝင်းနဲ့ ကော်နီတို့ ဖြစ်ပါတယ်။

play

 

နာမည်ကြီး အဆိုရှင် လေးဦးဖြစ်တဲ့ ချစ်ကောင်း၊တူးတူး၊ဟေမာနေဝင်းနဲ့ ကော်နီတို့ သူငယ်ချင်းလေးဦးရဲ့ ဖျော်ဖြေပွဲကို နိုဝင်ဘာလကုန်တွင် အမျိုးသားကဇာတ်ရုံမှာ ကျင်းပတော့မယ်လို့ သိရပါတယ်။ ၁၉၈၀ခုနှစ် လောက်က ဂီတလောကထဲတွင် အတူတူဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းတွေဖြစ်သလို အောင်မြင်မှု ကိုယ်စီ ရရှိထားတဲ့ အဆိုရှင်များလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ (၂၆)ရက်နေ့ အမျိုးသားကဇာတ်ရုံတွင်  ကျင်းပမယ့် ဖျော်ဖြေပွဲတွင် သီချင်းအများစုကို လေးယောက်တွဲ နဲ့ နှစ်ယောက်တွဲ ပုံစံမျိုး သီဆိုဖျော်ဖြေမယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ