Movie & Music: မာရဇ္ဇရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ

တတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်ပါတယ်။

play

 

မာရဇ္ဇရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာ(၂၈)ရက်နေ့ တွင် အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြု လုပ်သွား မှာ ဖြစ်ပါတယ်။ တတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ အရင်ကမလုပ်ဖူးသေးတဲ့ ပုံစံမျိုးလေးတွေကို စီစဉ်ထားတယ်လို့ သိရပါတယ်။

play

 

ဖျော်ဖြေပွဲမှာ ပထမပိုင်းတွင် "ပုံရိပ်မဲ့ဂရပ်ဖစ်" ကနေ "ဇာတ်ပေါင်း" အထိ ပေါက်ထားတဲ့ သီချင်းတွေထဲကမှ ပရိသတ်များနဲ့ ရင်းနှီးပြီးသား သီချင်းအပုဒ်(၂၀)ကျော်ကို  Unplugged Version နဲ့ ဖျော်ဖြေမှာဖြစ်ပြီး ဒုတိယပိုင်း မှာတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ "အချိန်အခါ" တစ်ခွေလုံးကို အဲဒီပွဲမှာ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲနာမည်ကိုလည်း "မာရဇ္ဇUnplugged နဲ့ အ ချိန်အခါ" ဆိုပြီး ပေးထားတယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ