Movie & Music: ရုံတင်ရက် ပြောင်းလဲလိုက်တဲ့ "ဘန်ကောက်မှ မန္တလေးသို့" ရုပ်ရှင်

နိုဝင်ဘာ(၄)ရက်နေ့မှသာ ရုံတင်နိုင်တော့မှာ ဖြစ်ပါတယ်။

play

 

ကြားဖြတ်ပြသသွားဖို့ စီစဉ်ထားတဲ့ "ဘန်ကောက်မှ မန္တလေးသို့" ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ(၄)ရက်နေ့မှ သာ ရုံတင်ပြသနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ယခင်က အောက်တိုဘာ(၂၈)ရက်နေ့တွင် ရုံတင်ဖို့ စီစဉ်ထားသော်လည်း အခြားသော မြန်မာဇာတ်ကား တစ်ကားနဲ့ ရက်တိုက်နေတာကြောင့် မြန်မာကားနှစ်ကား တစ်ပြိုင်တည်း ရုံတင်လို့မရတဲ့ မူအရ နောက်တစ် ပတ်မှသာ ရုံတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းမှာတော့ ယခင်က စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာ(၁၀)ရက်နေ့တွင် ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံရဲ့ ထင်ရှားသော အလှအပများပါဝင်တဲ့ အဲဒီရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးထားပြီး နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည်နဲ့ ထိုင်းမင်းသမီး Naam Whan Pilaiporn တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကာ ထိုင်းလူမျိုး ဒါရိုက်တာ Chart Chai Ketnust က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ