Movie & Music: အမေရိကန်တေးဂီတဆုပေးပွဲ ဘရူနိုမားစ်နဲ့ စဖွင့်မယ်

ဘရူနိုမားစ်ရဲ့ နောက်ဆုံးသီချင်း 24K Magic ကို ပြီးခဲ့တဲ့သီတင်းပတ်က ထွက်ရှိခဲ့ပါတယ်။

play

 

ယခုနှစ် အမေရိကန်တေးဂီတဆုပေးပွဲ (American Music Awards) အခမ်းအနားကို ဘရူနိုမားစ်ရဲ့ သီဆိုဖျော်ဖြေမှုနဲ့ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘရူနိုမားစ်က ၂၀၁၁ ခုနှစ် AMAs ဆုပေးပွဲမှာ ဆု ၇ ခုအတွက် လျာထားခံခဲ့ရပြီး လူကြိုက်အများဆုံး အမျိုးသားပေါ့ပ်/ရော့ခ် အဆိုရှင်ဆုကို ရရှိခဲ့သူပါ။

play

 

ဒီနှစ်အတွက် လျာထားစာရင်းမှာ ဒရိတ်ခ်က ဆု ၁၃ ခုနဲ့ ဦးဆောင်နေပြီး မိုက်ကယ်ဂျက်ဆင်ရထားဖူးတဲ့ စံချိန်ကိုတောင် ချိုးထားနိုင်ပါတယ်။

ဆုပေးပွဲကိုတော့ နိုဝင်ဘာ ၂၀ ရက်နေ့၊ လော့စ်အန်ဂျလိစ်မြို့က မိုက်ခရိုဆော့ဖ် ကဇာတ်ရုံမှာ ပြုလုပ်မှာဖြစ်ပါတယ်။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ