Movie & Music: အိုင်စီဖျော်ဖြေပွဲအတွက် ကျပ်ငါးသောင်းတန် လက်မှတ်များရောင်းချ

မန္တလေးမြို့ Golden City တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

အောက်တိုဘာ (၂၃)ရက်နေ့ မန္တလေးမြို့မှာ ကျင်းပမယ့် အိုင်စီဖျော်ဖြေပွဲအတွက် ကျပ်ငါးသောင်းတန် လက်မှတ်များကို ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။ မိသားစုများကြည့်နိုင်ရန်အတွက် ထိုင်ခုံ ၂၀၀ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲကို အောက်တိုဘာ(၂၃)ရက်နေ့ မန္တလေးမြို့ Golden City ကွင်းတွင် ပြုလုပ်သွားမှာ ဖြစ်ပြီး လက်မှတ် များကို မန်းသီရိတေးသံသွင်း၊ လှိုင်တေးသံသွင်း၊ 501 Fashion ဆိုင်၊ O-zone Fashion နဲ့ OMG Fashion ဆိုင်များမှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ