Movie & Music: မကြာခင် ရုံတင်ပြသမယ့် "ကြီးကြီးကျယ်ကျယ်" ရုပ်ရှင်ဇာတ်ကား

နိုဝင်ဘာလထဲ ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

play

 

ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရစေမယ့် "ကြီးကြီးကျယ်ကျယ်" ရုပ်ရှင်ဇာတ်ကားကတော့ မကြာခင် ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလထဲမှာ ရုံတင်တော့မှာ ဖြစ်တယ်လို့ ဟိန်းဝေယံက သူ့ရဲ့ ပရိသတ်တစ်ယောက်မေးထားတဲ့ ကောမန့်အောက်မှာ ဖြေဆိုထားပါတယ်။

play

 

ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဇာတ်ကားထဲမှာ မြင့်မြတ်၊ ဟိန်းဝေယံ၊ အိချောပို၊ ရွှေမှုံရတီ၊ ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

အခြားသော ဟာသဇာတ်ကားတွေနဲ့ မတူ တစ်မူကွဲပြားကာ ပရိသတ်တွေ ရယ်မော် ပျော်ရွှင်ရမယ့် "ကြီးကြီးကျယ်ကျယ်" ရုပ်ရှင်ဇာတ်ကားကလည်း ရုံမတင်ကလည်းက ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိထားနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ