Movie & Music: နိုဝင်ဘာ(၂)ရက်နေ့မှာ ရိုက်ကူးမယ့် "အယူတော်မင်္ဂလာ" ရုပ်ရှင်ဇာတ်ကား

ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေး အခမ်းအနားကို Central Hotel မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play

 

"အယူတော်မင်္ဂလာ" ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ(၂)ရက်နေ့ကနေစပြီး ရိုက်ကူးသွားမယ်လို့သိရပါတယ်။ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးသွားမယ့် အဲဒီဇာတ်ကားကို ဇာတ်လမ်း ညိုမင်းလွင်နဲ့ ဘုန်းထွဋ်ခေါင်တို့က ရေးသားထား တာလည်း ဖြစ်ပါတယ်။

play

 

အဲဒီရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ ရန်အောင်၊ မြင့်မြတ်၊ခင်လှိုင် ၊ငြိမ်းချမ်း ကျော်၊ နေ၀င်း(Snare)၊ရဲရင့်သွေး၊ နန်းဆုဦး၊ ပိုးအိအိခန့်၊ သက်ထားဝေဇင် နှင့် အခြားသရုပ်ဆောင်များ ပါဝင်မှာ ဖြစ်ပါတယ်။

play

 

ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲကို ဒီနေ့( အောက်တိုဘာ ၂၆ )ရက်၊နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ဗိုလ်ချုပ်လမ်းရှိ စင်ထရယ်ဟိုတယ်၌  ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Photo : ထားထက်ထက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ