Movie & Music: ဇာတ်ကားနာမည် ပြောင်းလဲဖို့ရှိတဲ့ "အယူတော်မင်္ဂလာ" ရုပ်ရှင်

ဇာတ်ကားနာမည် ပြောင်းလဲမှုအပေါ် ပရိသတ်တွေကို နားလည်စေချင်တယ်လို့ ဆိုပါတယ်။

play

 

"အယူတော်မင်္ဂလာ" ဇာတ်ကားကို ကန်တော့ပွဲပေးပြီးခဲ့သော်လည်း ဇာတ်ကားနာမည်ပြောင်းလဲမှု အခြေအနေ ရှိနိုင်တယ်လို့ သိရပါတယ်။ ကန်တော့ပွဲပေးပြီးမှ ဇာတ်ကားနာမည်ပြောင်းလဲတဲ့အပေါ်ကိုလည်း ပရိသတ်တွေ နားလည်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ဒါရိုက်တာ ညိုမင်းလွင်က 7Day Daily ကို ပြောပြထားပါတယ်။

play

 

အကယ်၍ ဇာတ်ကားနာမည်ကို မဖြစ်မနေ ပြောင်းရမယ်ဆိုပါကလည်း ထုတ်လုပ်သူတွေအတွက်က ထိခိုက်နစ်နာမှု မရှိစေရန် ပြောင်းလဲပေးသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

play

 

အဲဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးမှာ ဖြစ်ပြီး ရန်အောင်၊ မြင့်မြတ်၊ ခင်လှိုင်၊ ငြိမ်းချမ်းကျော်၊ နေဝင်း(Snare)၊ ရဲရင့်သွေး၊ နန်းဆုဦး၊ ပိုးအိအိခန့်နဲ့ သက်ထားဝေဇင်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ