Movie & Music: ပွဲဦးထွက်မှာ အားပေးမှု ရရှိခဲ့တဲ့ "ဘန်ကောက်မှ မန္တလေးသို့ " ရုပ်ရှင်ဇာတ်ကား

နိုဝင်ဘာ(၄)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်

play

 

"ဘန်ကောက်မှ မန္တလေးသို့ "ရုပ်ရှင်ဇာတ်ကားကို အထူးပွဲ ပြသချိန်မှာပဲ ပရိသတ်အားပေးမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲဦးထွက်မှာပဲ အားပေးမှုရရှိခဲ့တဲ့ အဲ့ဒီဇာတ်ကားကို နိုဝင်ဘာ(၄)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ထိုင်း နှင့် မြန်မာပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လွန်ခဲ့ သော နှစ်ပေါင်း ၅၀ ခန့်က မြန်မာ လူမျိုးချစ်သူနှစ်ဦး၏ လျှို့ဝှက် သော ဇာတ်လမ်းအကြောင်းကို စာကိုးစောင်ဖြင့် ပြန်လည်ဖော်ပြရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

play

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ မြန်မာနိုင်ငံမှ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ သီပေါ၊ စစ်ကိုင်း၊ ပုဂံ စသည့်မြို့ အလှများကို မောင်းသူမဲ့ဒရုန်း ကင်မရာဖြင့် အပေါ်စီးမြင်ကွင်းမှ ရိုက်ကူးပုံဖော်ထားခြင်းများလည်း ပါဝင်ကာ အထူးပွဲကြည့် ရှုခဲ့တဲ့ ပရိသတ်များကြိုက်နှစ် သက်မှုများ ရှိခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားကို ထိုင်း၊ အင်္ဂလိပ်နှင့် မြန်မာဘာသာ သုံးမျိုးဖြင့် စာတန်းထိုးပြသထား သည်ကို တွေ့ရပါတယ်။

play

 

‘ဘန်ကောက်မှ မန္တလေးသို့’ ရုပ်ရှင်တွင် နေတိုး၊ စိုင်းစိုင်းခမ်း လှိုင်၊ ဝတ်မှုံရွှေရည်နှင့် ထိုင်းမင်း သမီး Naam Whan Pilaiporn တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ