Movie & Music: နိုဝင်ဘာလမှာ ပြသမယ့် "ကျွန်တော့်ရည်းစားဘုရားမှာနေသည်" ရုပ်ရှင်ဇာတ်ကား

, updated

တကယ့်အဖြစ်အပျက်တွေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ ပါဝင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ

play
play

 

"ကျွန်တော့်ရည်းစားဘုရားမှာနေသည်" ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ(၁၁)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ တကယ့် အဖြစ်အပျက်တွေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ ပါဝင်တဲ့ အဲဒီဇာတ်ကားက ပညာပေးအချစ်ဇာတ်လမ်း အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

play

 

မြန်မာပြည်အထက်ပိုင်း ပခုက္ကူမြို့နယ်၊ ရေစကြို ပခန်းကြီးဒေသတို့မှာ ရိုက်ကူးထားပြီး မြန်မာ့ရိုးရာ ရှေးဟောင်း အမွေအနှစ် စေတီပုထိုးများကိုလည်း ထည့်သွင်းရိုက်ကူးဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

play

 

အဲဒီဇာတ်ကားကို ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးထားတာ ဖြစ်ပြီး စိုးရန်အောင်၊ ရန်အောင်၊ မိုးယုစံ၊ ခင်ဝင့်ဝါ၊ သိင်္ဂီထွန်း၊ခင်ဇာခြည်ကျော်တို့က အဓိက ပါဝင်ရိုက်ကူးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ