Movie & Music: နိုဝင်ဘာလမှာ စောင့်ကြည့်ရမယ့် ရုပ်ရှင် (၁၀) ကား

နိုဝင်ဘာလအတွင်း ကမ္ဘာတစ်ဝန်း ရုံတင်ပြသသွားမယ့် ဇာတ်ကားများအနက် ပရိသတ်အကြိုက်တွေ့နိုင်တဲ့ စောင့်ကြည့်ချင်စရာ ဇာတ်ကား (၁၀) ကားကို ဖော်ပြထားပါတယ်။

Arrival

play


စက်တင်ဘာ ၁ ရက်က ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အထူးပွဲပြသခဲ့တဲ့ သိပ္ပံဆန်းကြယ် ဒရာမာဇာတ်ကားဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ထူးဆန်းတဲ့ ယာဉ်ပျံများ ဆင်းသက်မှုတွေ ရှိလာခဲ့တာကြောင့် အထူးအဖွဲ့တစ်ဖွဲကို စုံစမ်းစေခဲ့တဲ့ စိတ်ဝင်စားရာ ဇာတ်လမ်းပါ။

နာမည်ကြီးတွေဖြစ်တဲ့ မင်းသား ဂျရမီရန်နာနဲ့မင်းသမီး အေမီအဒမ်စ်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Elle

play


စိတ္တဇဆန်တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားပါ။ ဗီဒီယိုဂိမ်းကုမ္ပဏီရဲ့ အရာရှိအမျိုးသမီးတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူမရဲ့ နေအိမ်မှာ အမည်မသိသူတစ်ဦး တိုက်ခိုက်ခံရပြီးနောက် အဆိုပါ အမျိုးသမီးရဲ့ဘဝ ပြောင်းလဲသွားပုံကို ရိုက်ကူးထားပါတယ်။

သူမကို တိုက်ခိုက်ခဲ့သူကို ခြေရာခံရှာဖွေခဲ့မှုက ဂိမ်းတစ်ခုပမာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ပါတယ်။ အမေရိကန်မှာ နိုဝင်ဘာ ၁၁ ရက်နဲ့ ကနေဒါမှာ နိုဝင်ဘာ ၁၈ ရက် ရုံတင်မှာ ဖြစ်ပါတယ်။

Nocturnal Animals

play


နိုဝင်ဘာလအတွင်း ထွက်ရှိလာမယ့် နာမည်ကြီးမင်းသမီး အေမီအဒမ်စ် အထူးသရုပ်ဆာင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၇၃ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအတွက် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားပါ။

ပန်းချီအနုပညာ ပြခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး ခင်ပွန်းဟောင်းရဲ့ ခြောက်လှန့်မှု ခံနေရတဲ့ စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပါတယ်။ နိုဝင်ဘာ ၄ ရက်မှာ ထွက်ရှိမှာဖြစ်ပြီး အမေရိကန်မှာ နိုဝင်ဘာ ၁၈ ရက် ရုံတင်ပြသမှာပါ။

A United Kingdom

play


လူမည်းမင်းသား ဒေးဗစ်အိုရီလိုဝိုနဲ့ Gone Girl စတား မင်းသမီး ရိုဆာမွန်ပိုက်ခ်တို့ ပါဝင်ထားတဲ့ အထ္ထုပတ္တိနဲ့ အချစ်ဒရာမာ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ အာဖရိမှာ အသားအရောင် မခွဲခြားမှုကို ထင်ဟပ်စေတဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။ သြစတြေးလျမှာ နိုဝင်ဘာ ၁၀ ရက်၊ ဗြိတိန်နဲ့ အိုင်ယာလန်မှာ နိုဝင်ဘာ ၂၅ ရက်မှာ စတင်ပြသသွားမှာပါ။

Manchester by the Sea

play


အမေရိကန် ဒရာမာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အကိုဖြစ်သူ ရုတ်တရက် သေဆုံးသွားပြီးနောက် အကိုရဲ့သားကို အုပ်ထိန်းသူအဖြစ် စောင့်ရှောက်ခဲ့သူ တစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

မင်းသား ကေစီအက်ဖလက်နဲ့ မင်းသမီး မစ်ချယ်လ်ဝီလျံတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အစ္စရေးမှာ နိုဝင်ဘာ ၁၇ ရက်၊ အမေရိကန်မှာ နိုဝင်ဘာ ၁၈ ရက်နဲ့ ကနေဒါမှာ နိုဝင်ဘာ ၂၅ ရက် ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Moana

play

 

Walt Disney ရဲ့ 3D အန်နီမေးရှင်း ဇာတ်ကားဖြစ်ပါတယ်။ ရယ်စရာနဲ့ စွန့်စားခန်းတွေကို ထူးခြားပြောင်မြောက်တဲ့ အန်နီးမေးရှင်းတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။ နိုဝင်ဘာ ၂၃ ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Allied

play


အန်ဂျလီနာဂျိုလီက ဘရတ်ပစ်ကို ကွာရှင်းခွင့်တောင်းခဲ့တာ ဇာတ်ကားရိုက်ကူးရင်း ဘရတ်ပစ်နဲ့ မင်းသမီး မာရီယွန်ကော့တီလတ်တို့ ငြိစွန်းခဲ့တာကြောင့်လို့ ကောလဟလ ထွက်ခဲ့တဲ့ ဇာတ်ကားပါ။ ၁၉၄၂ ခုနှစ်ကာလ မြောက်အာဖရိကမှာ ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားဖြစ်ပါတယ်။

ကနေဒါ ထောက်လှမ်းရေးအရာရှိနဲ့ ပြင်သစ် တော်လှန်ရေးမှာ ပါဝင်တဲ့ တိုက်ခိုက်ရေးအမျိုးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထား ဖြစ်ပါတယ်။ နှစ်ဦးသား လက်ထပ်ခဲ့ကြပြီး ကလေးတစ်ဦးရရှိကာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့ပေမဲ့ ကမ္ဘာစစ်ဖြစ်ခါနီးမှတော့ အခြေအနေတွေ ပြောင်းလဲလာခဲ့ပုံကို ရိုက်ကူးတင်ဆင်ထားပါတယ်။ နိုဝင်ဘာ ၂၃ ရက်မှာ ထွက်ရှိလာမှာပါ။

Fantastic Beasts and Where to Find Them

play


ကမ္ဘာကျော် ဟယ်ရီပေါ်တာ ဇာတ်ကားတွေရဲ့ စာရေးဆရာမ ဂျေကေရိုးလင်း ရေးသားတဲ့ ဝတ္ထုကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ The Theory of Everything ဇာတ်ကားနဲ့အတူ နာမည်ကြီးခဲ့တဲ့ မင်းသား အက်ဒီရက်မေနီ ပါဝင်ထားပါတယ်။ ၁၉၂၆ ခုနှစ်က နယူးယော့ခ်မြို့မှာ စုန်းအတတ်အန္တရာယ်တွေ ပေါ်ပေါက်ခဲ့မှုကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ နိုဝင်ဘာ ၁၆ ရက်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

Billy Lynn’s Long Halftime Walk

play


အော်စကာဆု နှစ်ဆုရှင်နဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး Life of Pi ဇာတ်ကား ဒါရိုက်တာ အန်းလီ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ စစ်ပွဲနဲ့ အချစ် ဇာတ်ကားဖြစ်ပြီး မင်းသားဂျိုးအယ်လ်ဝိုင်းနဲ့ မင်းသမီး ခရစ်တင်စတီးဝပ်တို့ရဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ရမှာပါ။ နိုဝင်ဘာ ၉ ရက်မှာ ထွက်ရှိမှာပါ။

Magnus

play


စစ်တုရင်ချန်ပီယံဖြစ်ဖို့ ငယ်စဉ်ကတည်းက စိတ်အားထက်သန်လှသူ တစ်ဦးရဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် နော်ဝေးဒါရိုက်တာ ဘင်ဂျမင်ရီးက ရိုက်ကူးပုံဖော်ထားပါတယ်။ ဂျာမနီမှာ နိုဝင်ဘာ ၁၀ ရက်နဲ့ ဗြိတိန်မှာ နိုဝင်ဘာ ၁၁ ရက် ရုံတင်မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ