Movie & Music: ဒီဇင်ဘာလ (၉)ရက်နေ့ ရုံတင်မယ့် မေထုန်ရာသီဖွား

ဒီနေ့နံနက်က ရွှေဗဟို ရုပ်ရှင်ရုံမှာ အထူးပွဲ ပြသခဲ့ပါတယ်။

play

 

ဒါရိုက်တာ ညိုမင်းလွင် ဖန်တီးရိုက်ကူးထားတဲ့ မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ဒီနေ့နံနက်က ရွှေဗဟိုရုပ် ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဘုဏ်းထွဋ်ခေါင်ရဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်းလင်းမြတ်သွင်က ပြင်ဆင်ရေးသား ထားပြီး ဒါရိုက်တာ ညိုမင်းလွင်က ဖန်တီးရိုက်ကူးထားတဲ့ မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကားဟာ လိင်တူချစ်သူ အမျိုးသားနှစ် ဦးရဲ့ လွမ်းမောစရာ အချစ်ရေး ဇာတ်လမ်းကို ပုံဖော်ထားသော ဇာတ်ကားဖြစ်ပါတယ်။

 

မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံး လိင်တူချစ်သူ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ(၉)ရက်နေ့ကစပြီး ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ အခြားသောမြို့များတွင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

play

မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကားတွင် ဥက္ကာမင်းမောင်၊ ငြိမ်းချမ်းကျော်နဲ့ အေးမြတ်သူတို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပြီး ပဟေဠိ ပေါင်းများစွာဖြင့် ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Photo : ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

မေထုန်ရာသီဖွား ရုပ်ရှင်ကို ကြည့်ဖြစ်မှာလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ