Movie & Music: ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၃၀ခန့်ရှိ

play

 

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရန်အတွက် နိုဝင်ဘာလကုန်အထိ အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၂၈ကား ရှိပြီး အကဲဖြတ်မှုများ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ နိုဝင်ဘာလကုန်အထိ ၂၈ကား ရှိနေပြီး ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့တွင် ရုံတင်ပြသမယ့် ဇာတ်ကားအချို့ရဲ့ စာရင်းတွေတော့ ကျန်နေသေး တယ်လို့ သိရပါတယ်။

 

ရုပ်ရှင်ဇာတ်ကားတွေကို နိုဝင်ဘာ(၇)ရက်နေ့ကစပြီး အကဲဖြတ်မှုတွေ ပြုလုပ်နေတာ ဖြစ်ကာ ဆုအသီးသီးအလိုက် အကဲဖြတ်စိစစ်ရေးအဖွဲ့ဝင်လေးဆယ်လောက် ပါဝင်တယ်လို့ သိရပါတယ်။ ၂၀၁၆ခုနှစ်အတွက် ရုံတင်ရုပ်ရှင်ဇာတ်ကား စုစုပေါင်း ၃၀ဟာ ပြီးခဲ့တဲ့ နှစ်က ၂နှစ်စာ ပေါင်းထားတဲ့ ရုပ်ရှင်ဇာတ်ကား အရေအတွက်လောက်ရှိတယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ