Movie & Music: "ရတနာပုံ" ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

ဒီဇင်ဘာ(၁၁)ရက်နေ့ မန္တလေးတွင် စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။

play

 

Myanmar Media 7 ရဲ့ (၄)ခုမြောက် ရုပ်သံဇာတ်လမ်းတွဲ ဖြစ်တဲ့ "ရတနာပုံ" ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနား ကိုတော့ ဒီနေ့ (ဒီဇင်ဘာ၉)ရက်နေ့က ရွှေတိဂုံဘုရား အောင်မြေတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

အဲဒီရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်မှာ ဖြစ်ပြီး ဟိန်းဝေယံ၊ မိုးယံဇွန်၊ ထွန်းကိုကို၊ ထက်ပိုင်ဦး၊ ကေညီ၊ ရတနာဗို၊ အေးဝတ်ရည်သောင်း၊ ဇွန်သံစဉ်၊ ချစ်ကြေးမုံ၊ ရတနာနိုနိုတို့က ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပြီး ဇာတ်လမ်း/ဇာတ်ညွှန်းအနေနဲ့ မိုးစက်ဝိုင်နဲ့ သူဝေးတို့က ရေးသားထားတာ ဖြစ်ပါတယ်။

play

 

"ရတနာပုံ" ဇာတ်လမ်းကို ဒီဇင်ဘာ(၁၁)ရက်နေ့ မန္တလေးတွင် စတင်ရိုက်ကူးမှာ ဖြစ်ပြီး ဧပြီလမှာ MTV ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ည(၇း၂၀)နဲ့ Channel 9 ရုပ်သံလိုင်းမှာ အပတ်စဉ်သောကြာနေ့တိုင်း ည(၇း၀၀)နာရီအချိန်တို့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Photo : Myanmar Media 7

ဇာတ်လမ်းတွဲတွေ ကြိုက်ကြလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ