Movie & Music: မကြာခင် ရုံတင်ပြသတော့မယ့် "တီတီနှင့် ဒိုးနပ်" ရုပ်ရှင်ဇာတ်ကား

မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာလည်း ပြသသွားမှာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက အနုပညာရှင်များ ပုံဖော်ရိုက်ကူးထားတဲ့ "တီတီနှင့် ဒိုးနပ်"  ရုပ်ရှင်ဇာတ်ကားကတော့ ဇန်နဝါရီလဆန်းပိုင်းတွင် ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တီတီ နှင့်ဒိုးနပ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ World Gala Premiere Show အထူးပွဲကိုလည်း ဒီဇင်ဘာ(၁၁)ရက်နေ့ ညနေပိုင်းက အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။

play

 

အဲဒီအခမ်းအနားကို တီတီ နှင့်ဒိုးနပ် ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ အဓိက သရုပ်ဆောင် ပြေတီဦး ၊ ရွှေသမီး၊ ထိုင်းမင်းသမီး သရုပ်ဆောင်မော်ဒယ် Chattarika Sittiprom ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းဒါရိုက်တာ Adsajun Sattagovit တိုနဲ့အတူ ထိုင်းသရုပ်ဆောင် အများအပြား တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။

play

 

ရွှေမင်းသမီး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ အဲဒီဇာတ်ကားကို မြန်မာနိုင်ငံတွင် ဇန်နဝါရီလဆန်းပိုင်း ရုံတင်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာတော့ ဇန်နဝါရီ လကုန်ပိုင်းတွင် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ