Movie & Music: ဂိုသမ်မြို့က မာယာရှင်ဖြစ်လာမယ့် မားဂေါ့ရော်ဘီ

Suicide Squad ဇာတ်ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကပဲ ရိုက်ကူးမှာပါ။

play

 

Suicide Squad ဇာတ်ကားမှာ ပရိသတ်အကြိုက်ဆုံးဖြစ်ခဲ့တဲ့ မားဂေါ့ရော်ဘီဟာ Harley Quinn ဇာတ်လမ်း ပြန်ရိုက်ဖို့ သဘောတူညီမှု ရခဲ့ပြီးနောက်မှာ အခြား အမျိုးသမီးဗီလိန်တွေနဲ့အတူ ပူးပေါင်းရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါရိုက်တာကတော့ Suicide Squad ဇာတ်ကားကို ရိုက်ခဲ့တဲ့ ဒေးဗစ်အေရာကပဲ ရိုက်ကူးမှာပါ။

Gotham City Sirens (ဂိုသမ်မြို့က မာယာရှင်လေးများ) အမည်နဲ့ ရိုက်ကူးမယ့် ဇာတ်လမ်းမှာတော့ လူစွမ်းကောင်းကြီး Batman ရှိရာ ဂိုသမ်မြို့ထဲက အမျိုးသမီးဗီလိန်တွေကို တစ်စုတစ်စည်းတည်း မြင်ရဖို့ရှိပါတယ်။ ရုပ်ပြစာအုပ်အနေနဲ့ ထွက်ရှိခဲ့စဉ်ကတော့ Gotham City Sirens မှာ ဟာလေကွင်း၊ Catwoman ၊ Poison Ivy တို့လို နာမည်ကျော်ဇာတ်ကောင်တွေလည်း ပါဝင်ခဲ့လို့ပါပဲ။ လက်ရှိမှာတော့ ဟာလေကွင်းတစ်ဦးတည်းကိုပဲ အတည်ပြုကြေညာထားပါတယ်။

Source : Hollywood Reporter

Suicide Squad မှာ သင်အကြိုက်ဆုံးဇာတ်ကောင်က ဘယ်သူလဲ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ