Movie & Music: ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ "ကိုကြီးကွီးတို့မာယာ"

ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးမှာ ဖြစ်ပါတယ်။

play

 

ကိုကြီးကွီးတို့မာယာ ရုပ်ရှင်ကို ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးမှာဖြစ်ပြီး အဲဒီဇာတ်ကား မှာ သူလေးစားရတဲ့ ဝါရင့် သရုပ်ဆောင်တွေ များစွာ ပါဝင်ထားတာကြောင့် စိန်ခေါ်မှုများလည်း ရှိတယ်လို့ သိရပါတယ်။

play

 

ကိုကြီးကွီးတို့မာယာ ဇာတ်ကားမှာ ရဲအောင်၊ ခန့်စည်သူ၊ ရာဇာနေဝင်း၊ ဗေလုဝ၊ အောင်မင်းခန့်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်နဲ့ သွန်းဆက်တို့ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ (၁၆)ရက်နေ့ကတည်းက ရန်ကုန်မှာ စတင်ရိုက်ကူးနေပြီး အိမ်ထောင်ရေးဇာတ်လမ်းပုံစံမျိုး ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဒါရိုက်တာ ရာဇဝင်ကိုဟာ ယခုနှစ်အတွင်း ရုံပြိုင်အနေနဲ့ ပြသခဲ့ရာမှ အောင်မြင်မှု ရရှိခဲ့တဲ့ "ဖေ့စ်ဘွတ်ရွာ" ဇာတ်ကား ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ကိုကြီးကွီးတို့မာယာဇာတ်ကားကတော့ သူ့အတွက် ရုပ်ရှင်ဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ ခြောက်ကားမြောက် ဇာတ်ကားလည်း ဖြစ်ပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ