Movie & Music: တစ်ရက်တည်းသာ ရုံတင်မယ့် "နှင်းဆီပန်သူ " ရုပ်ရှင်ဇာတ်ကား

ရှေ့ဆောင်အဆင့်မြင့် ရုပ်ရှင်ရုံမှာ ပြသမယ်လို့ သိရပါတယ်။

play

 

နှင်းဆီပန်သူ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၆ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ဖို့အတွက် တစ်ရက်တည်း ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးထားတဲ့ အဲ့ဒီဇာတ်ကားကို ဒီဇင်ဘာ (၂၂)ရက်နေ့ ၁၀နာရီတွင် ရှေ့ဆောင်အဆင့်မြင့် ရုပ်ရှင်ရုံမှာ ပြသသွားမယ်လို့ သိရပါတယ်။

play

 

"ဦးက ဒီရုပ်ရှင်ကားကို ဒီနှစ်သင်္ကြန်မှာဘဲ ရိုက်ကူးခဲ့တာပါ၊ ဒီနှစ်အကယ်ဒမီ စာရင်းဝင်ဖို့အတွက် လာမယ့် ၂၂ ရက်နေ့ တစ်ရက်တည်းသာ ပြသဖို့စီစဉ်ထားပါတယ်၊ ဒီကားကို ဒီနှစ်သင်္ကြန်မှာဘဲ ရိုက်ကူးထားတာပါ၊ ဇာတ် လမ်းစ၊ အစအဆုံး မန္တလေးမြို့နယ်မှာ ရိုက်ကူးခဲ့တာပါ" လို့ ဒါရိုက်တာ ဟိန်းစိုးက ဆိုပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်များမှာ အကယ်ဒမီနောင်နောင်၊ ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ ဇော်ဦး၊ ဇင်ဝိုင်း၊ မေသန်းနု နှင့် အခြား သရုပ်ဆောင် ပေါင်းများစွာ ပါဝင်ရိုက်ကူးထားပါတယ်။

နှင်းဆီပန်သူ ရုပ်ရှင်ဇာတ်ကားဟာ မန္တလေးမြို့ရဲ့ အလှအပများကို ပေါ်လွင်အောင် ရိုက်ကူးထားတာဖြစ်ပြီး တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ သင်္ကြန်မိုး၊ ဒဏ္ဍာရီ ၊ မမစိမ်း စသည့် ရုပ်ရှင်ဇာတ် ကားများကို ပေါင်းစပ်၍ ရိုက်ကူးထားသော အချစ်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ