Movie & Music: "အိမ်ကြက်" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး ပြုလုပ်

ဒီနေ့မှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။

play

 

ရွှေစန္ဒာမင်းရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက ရိုက်ကူးမယ့် " အိမ်ကြက်" ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ (၂၀)ရက်နေ့ ယနေ့မှစကာ စတင်ရိုက်ကူးသွားမှာ ဖြစ်ပြီး ကန်တော့ပွဲပေးအခမ်းအနားကိုလည်း ဒီနေ့ နံနက်က ပြုလုပ်ခဲ့ပါတယ်။

play

 

"တချို့ကိစ္စလေးတွေမှာ ပြိုင်တူတွန်းမှ ရွေ့တာ လေးတွေလည်း ရှိပါတယ်။ကိုယ့်ရဲ့အတ္တတွေ၊မာ နတွေကို လစ်လျူရှု့ပြီး ကိုယ်ဖြစ်တာကို လုပ်ချိ န်မှာ ကိုယ့်အချင်ချင်းအိမ်ကြက်ကို အိမ်ကြက်မှ န်းမသိပဲ အချင်းချင်း ခွပ်ကြတာကို ကိစ္စတွေကို ဖော်ကျူးပြသမှာပါ။အိမ်ကြက်အချင်းချင်း သိအောင် အိုးမဲသုတ်ပေးတဲ့ အတ္တတွေ၊မာနေ တွ၊ဒေါသတွေကို ကိုယ့်ဘဝအတွက် ကြီးမားတဲ့ အနှောက်အရှုပ်တွေ ဖြစ်စေပါတယ်။ အရေး ကြုံ ချိန်မှာ အမှားအမှန်ကို မသိနိုင်ဘူး ဆိုတာကို သရုပ်ဖော် ရိုက်ကူးတင်ဆက်ပေးမှာပါ" လို့ ဒါရိုက်တာ သြရသက ဇာတ်လမ်းအကြောင်း ပြောပြပါတယ်။

play

 

အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းမယ်ခိုင်၊ ဇာတ်ညွှန်းနေစိုးသော်တို့ ကရေးသားထားပြီး ဒါရိုက်တာ သြရသ ရိုက်ကူး မှာ ဖြစ်ကာ ပါဝင်မယ့် သရုပ်ဆောင်များကတော့ ထွန်းထွန်း၊ ညီထွဋ်ခေါင်၊ ကြက်ဖ၊ အရိုင်း၊ ဇော်ဝင်းနိုင်၊ နေဆန်း၊ ညီဂျော်၊ ဘိုဘို၊နန်းမြတ် ဖြိုးသင်း၊ ဆုမြတ်နိုးဦး၊ ပွင့်၊ မျိုးသန္တာထွန်း နှင့် အနုပညာပေါင်းများစွာ ပါဝင်ကြမှာ ဖြစ်ပါတယ်။

Photo : ညီထွဋ်ခေါင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ