Movie & Music: နှစ်သစ်မှာ သီချင်းသစ်တွေနဲ့ ပြန်လာမယ့် အက်ဗရယ်လတ်ဗင်း

Lyme ရောဂါကြောင့် အနားယူနေခဲ့တာပါ။

play

 

ဂီတလောကကနေ ပျောက်ကွယ်နေခဲ့တဲ့ ကနေဒီယန်အဆိုတော်မလေး အက်ဗရယ်လတ်ဗင်းဟာ ၂၀၁၇ ခုနှစ်မှာ သီချင်းသစ်တွေ ထွက်ရှိပါ့မယ်လို့ ဆိုလာပါတယ်။ အသက် ၃၂ နှစ်အရွယ် အက်ဗရယ်ဟာ Lyme ရောဂါ ခံစားနေရကြောင်း ၂၀၁၅ ခုနှစ်မှာ ထုတ်ပြောခဲ့ကာ အနားယူနေခဲ့တာပါ။ ခရစ္စမတ်နေ့မှာတော့ သီချင်းသစ်တွေဖန်တီးနေတဲ့အကြောင်း အင်စတာဂရမ်ကတစ်ဆင့် အသိပေးခဲ့ပါတယ်။

 

အက်ဗရယ်ဟာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ လူကြိုက်များ ကျော်ကြားခဲ့သူပါ။ နောက်ဆုံးအယ်လ်ဘမ်ကိုတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။

Source : ET

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ