Movie & Music: ဒုတိယအခွေအတွက် သီချင်းသစ်တွေ စီစဉ်နေတဲ့ ဟန်သီ

ပထမအခွေနဲ့ ပုံစံခြင်းမတူအောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အလှမယ် သရုပ်ဆောင် ဟန်သီကတော့ ဒုတိယအခွေအတွက် သီချင်းသစ်တွေ စီစဉ်နေတယ်လို့ သိရပါတယ်။ သူမရဲ့ ဒုတိယအခွေကိုလည်း  ပထမအခွေနဲ့ ပုံစံခြင်းမတူအောင် ပရိသတ်ရင်ထဲထိမယ့် သီချင်းပုံစံလေးတွေ ရွေးချယ်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်။

play

 

ဟန်သီရဲ့ ပထမအခွေထဲမှာတော့ လူငယ်တွေ ပိုကြိုက်မယ့် သီချင်းပုံစံမျိုးလေးတွေ ထည့်ထားပေမယ့် ဒုတိယအခွေမှာ တော့ ပရိသတ်ရင်ထဲထိမယ့် သီချင်းတွေရယ်၊ အချစ်သီချင်းလေးတွေ၊ အသည်းကွဲသီချင်းလေးတွေပါမယ်လို့ သူမ 7day Daily က ပြောပြခဲ့ပါတယ်။ အဲ့ဒီအခွေထဲမှာ ထူးခြားတာကတော့ သူမတစ်ခါမှ မဆိုဖူးတဲ့ Rock ဆန်ဆန် သီချင်းပြင်းပြင်းတွေကိုလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

play

 

ဒုတိယအခွေထဲမှာတော့ သီချင်းစုစုပေါင်း ၁၁ပုဒ်ပါဝင်မှာ ဖြစ်ပြီး တေးရေးတွေကတော့ မင်းကိုနဲ့ သူမရဲ့ ပရိသတ်တချို့ ရေးပေးထားတဲ့ သီချင်းအသစ်များ ပါဝင်ပါတယ်။

ယင်းအခွေကိုတော့ မွေးနေ့မှာ ထွက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ဟန်သီက လက်ရှိမှာတော့  MIC တွင်  Business Management ဘာသာရပ်ကို တက်ရောက်သင်ကြားနေတယ်လို့ သိရပါတယ်။ ဟန်သီကတော့ ၂၀၁၆ခုနှစ်တုန်းက မချစ်တက်သေးဘူးဆိုတဲ့ တေးသီချင်းခွေကို ထွက်ရှိထားသူပါ။ ဟန်သီဟာ အခုနောက်ပိုင်းတွင် အလှမယ်တစ်ယောက်အပြင် သရုပ်ဆောင်နဲ့ အဆိုပိုင်းမှာပါ ပရိသတ်အားပေးမှု ရရှိနေတဲ့ တက်သစ်စ အနုပညာရှင်တစ်ဦး ဖြစ်နေပါတယ်။

 

Source & Photo  : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ