Movie & Music: ဘတ်ကီးရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဦးမယ့် ဝေဠုကျော်

သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေ လုပ်ရင်း အနုပညာဘက်မှာလည်း ပရိသတ်များအတွက် ကြိုးစားနေသူ တစ်ဦးဖြစ်ပါတယ်။ ဝေဠုကျော်ကတော့  မကြာခင်မှာ ရိုက်ကူးမယ့် ဘတ်ကီးဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာလည်း ပါဝင်သရုပ်ဆောင်ဦးမယ်လို့ သိရပါတယ်။

ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ လိမ်လည်မှုအကြောင်းတွေကို အခြေခံရိုက်ကူးမယ့် ဘတ်ကီးရုပ်ရှင်ဇာတ်ကားကို မတ်လ(၂၅)ရက်နေ့က စတင်ရိုက်ကူးနေတာပါ။

play

လူတွေဘယ်လိုလိမ်ကြမယ်၊ ဘာအတွက် လိမ်ကြတယ်၊  ဘာကြောင့်ဖမ်းမမိနိုင်လဲ ၊ လိမ်လည်မှုရဲ့ အကျိုးဆက်က ဘာလဲဆိုတာကို ဒါရိုက်တာမောင်မောင်မြင့်လွင် ဒီဇာတ်ကားထဲမှာ ရိုက်ကူးပြမှာပါ။

ဘတ်ကီးရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ ဝေဠုကျော်၊ သူထူးစံ၊ နေမျိုးအောင်၊ နန်းမြတ်ဖြိုးသင်းနဲ့ ယဉ်လတ်တို့က အဓိကပါဝင်မှာဖြစ်ပြီး ဟာသအမြင်အဖြစ်နဲ့သာ ပရိသတ်တွေကို ဖျော်ဖြေနိုင်ဖို့အတွက် ရိုက်ကူးသွား မှာဖြစ်တယ်လို့ သိရပါတယ်။

Source : 7day TV

Photo  : ယဉ်လတ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ