Movie & Music: အယ်လ်ဘမ်သစ်ကို အမြည်းပေးပြီး ပရိသတ်ကို အံ့သြစေခဲ့တဲ့ ဟယ်ရီစတိုင်

ဟယ်ရီစတိုင်ရဲ့ ပထမဆုံးသော တကိုယ်တော်အယ်လ်ဘမ်ဖြစ်လာမှာပါ။

One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်ဟာ အင်စတာဂရမ်မှာ အဖြူရောင်ချည်းပဲပါတဲ့ ဓာတ်ပုံ ၃ ပုံကို တင်ပြီး ပရိသတ်ကို အလန့်တကြားဖြစ်စေခဲ့ပြီးတဲ့နောက် သူ့ရဲ့အယ်လ်ဘမ်သစ်ကို အမြည်းပေးကာ ပရိသတ်ကို ဝမ်းသာစေခဲ့ပြန်ပါတယ်။

play

 

အဲဒီဗီဒီယိုထဲမှာ တစ်ကိုယ်လုံး စိုရွှဲနေတဲ့ အမျိုးသားတစ်ဦးဟာ တံခါးဆီကို လျှောက်လာခဲ့ပြီးတဲ့နောက် လက်က တက်တူးတွေကို ပြသခဲ့ပါတယ်။

အဲဒီနောက် မျက်နှာကို ပြသတဲ့အခါမှာတော့ ဟယ်ရီစတိုင်ကို မြင်တွေ့ရပြီး အဆုံးမှာ April 7 ဆိုပြီး အယ်လ်ဘမ်ထွက်မယ့် ရက်ကို ပြသထားပါတယ်။

 

၂၀၁၇ ခုနှစ်ဟာ ဟယ်ရီ့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့နှစ်တစ်နှစ်ဖြစ်မှာပါ။ သူဟာ အဆိုတော်ဘဝကနေ သရုပ်ဆောင်အလုပ်ကိုလည်း စတင်လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကား Dunkirk ဟာ ဒီနှစ်ထဲမှာပဲ ဖြန့်ချိတော့မှာပါ။

ဒုတိယကမ္ဘာစစ်တွင်းကို အခြေခံရိုက်ကူးထားတဲ့ ယင်းဇာတ်ကားထဲမှာ ဟယ်ရီဟာ တွမ်မီဆိုတဲ့ စစ်သားလေးတစ်ယောက်အဖြစ် ပါဝင်ထားတာဖြစ်ပြီး အမြဲတမ်း ကျော့ကျော့မော့မော့လေး နေတတ်တဲ့ ဟယ်ရီကို တိုက်ပွဲဝင်စစ်သားတစ်ယောက်လို ပေတေနေတဲ့အဝတ်အစားတွေနဲ့ မြင်တွေ့ရမယ့်ဇာတ်ကားဖြစ်ပါတယ်။

play

 

ဟယ်ရီစတိုင်က တကိုယ်တော် လှုပ်ရှားမှုအသစ်တွေနဲ့ တက်ကြွနေစဉ်မှာ One Direction အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လီယမ်ပင်းန်ကတော့ လောလောလတ်လတ် ရာထူးတိုးကာ ကလေးအဖေဖြစ်သွားခဲ့ပါပြီ။ လီယမ်ပင်းန်နဲ့ ချယ်ရီတို့က မတ်လ ၂၂ ရက်နေ့ကတည်းက သားဦးလေးကို မွေးဖွားခဲ့တာဖြစ်ပြီး ဒီနေ့ (မတ်လ ၂၆ ရက်နေ့) မှ လူသိရှင်ကြား ကြေညာခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ